DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းကလေးငယ်များ ထောင်နှင့်ချီပြီး နှစ်စဉ်ဖမ်းဆီးခံနေရ
DVB
·
September 3, 2014
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းကလေးငယ်များ ထောင်နှင့်ချီပြီး နှစ်စဉ်ဖမ်းဆီးခံနေရ
Donate to DVB

မြန်မာနိုင်ငံက ကလေးတွေ အပါအ၀င် ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကလေးငယ်တွေကို ထိုင်းနိုင်ငံမှာ နှစ်စဉ်ဖမ်းဆီးနေတာရှိနေပြီး ဒါဟာ ကလေးတွေရဲ့ ရုပ်ပိုင်းစိတ်ပိုင်း ဆိုင်ရာထိခိုက် အန္တရာယ်ရှိတယ်လို့ နယူးယောက် အခြေစိုက် HRW လူ့ အခွင့်အရေးစောင့်ကြည့်အဖွဲ့က အစီရင်ခံစာထုတ်ပြန်ပြောကြားလိုက်ပါတယ်။

HRWလူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့က Two Year With No Moon လမသာတဲ့ ၂ နှစ်တာလို့ အမည်ပေးထားတဲ့ စာမျက်နှာ ၆၇ မျက်နှာပါ အစီရင်ခံစာကို စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီစီရင်ခံစာမှာ ထိုင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ထိမ်းသိမ်းခံရတဲ့ ကလေးငယ်တွေပေါ် အခွင့်ရေးချိုးဖောက်မှုတွေကို ထောက်ပြထားပါတယ်။

မိဘတွေရဲ့ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်လတ်မှတ်နဲ့ ကလေးတွေရဲ့ တရားဝင်မှုအခြေအနေ တွေပေါ်မူတည်ပြီး ရွှေ့ပြောင်းနေထိုင်သူနဲ့ ခိုလှုံခွင့်တောင်းခံသူတွေရဲ့ ကလေးတွေကို မလိုအပ်ပဲ ညစ်ပတ်နေတဲ့ ထိန်းသိမ်းရေးအချုပ်တွေမှာ ထိန်းသိမ်းထားခဲ့ တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ ပြောပါတယ်။

ထိုင်း လူဝင်မှုကြီးကြပ်ရေးမှာ ထိန်းသိမ်းထားတဲ့ ကလေးတွေကို နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်လာတဲ့ ဆွေးမတော်မျိုးမစပ်လူကြီးတွေနဲ့ အတူထားသလို အကြမ်းဖက်မှုနဲ့ အချုပ်သားခြင်း ရန်ဖြစ်ရာမှာ သူတိုတွေဟာ ကြားညပ်နေတတ်တယ်လို့လည်း အစီရင်ခံစာက ရေးပါတယ်။

အကျဉ်းကျခံနေရစဉ်မှာ နေရာ ပြည့်ကြပ်နေတာ။ တချို့ကလေးတွေဆိုရင် ရပ်ပြီး အိပ်ရတာ စောင်တွေ အခင်းတွေမပါဘဲ ကြမ်းပြင်ပေါ်မှာ အိပ်ရတာအပြင် ကလေးတယောက်မှ ပညာသင်ကြားဖို့ အခွင့် အရေး မရဘူးလို့လည်း ရေးပါတယ်။

မဲဆောက်က ရွှေ့ပြောင်းအလုပ်သမားများ အကူအညီပေးရေး အဖွဲ့က ကိုအေးကတော့ ရွှေ့ပြောင်း အလုပ်သမားတွေ ဖမ်းဆီးခံရရင် ကလေးတွေလည်း အဖမ်းခံရသလို ကလေးအရေး အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေ မထုတ်ယူမခြင်း ထိန်းသိမ်းရေးမှာနေရတာတွေ ရှိတယ်လို့ ပြောပါတယ်။

“မိဘတွေကို ဖမ်းရင်းနဲ့ မိဘနဲ့ ပါလာတဲ့ အသက် ၁၄ နှစ်မပြည့်တဲ့ ကလေးတွေပါ အတူတူပါခဲ့တယ်။ မဲဆောက်မှာ ရှိတဲ့ ကလေးအခွင့်အရေးလုပ်တဲ့ အဖွဲ့အစည်းတွေက ကယ်ထုတ်ပေးတာတွေ ရှိတယ်။ တောမောင်းရုံးနဲ့ ညှိပြီးတော့ အချုပ်ထဲက ကယ်ထုတ်တာတွေ ရှိတယ်။ အချုပ်ထဲမှာ မနေရဘူး မဟုတ်ပါဘူး။ လောလောဆယ်မိဘနဲ့ အတူတူပါလာတဲ့ အချိန်မှာတော့ နေရတယ်။ ပြီးနောက်ပိုင်း သွားထုတ်ရတာတွေ ရှိတယ်။”

၂၀၁၄ သြဂုတ် ၁၄ ရက်နေ့မှာ HRW က တွေ့ရှိချက်တွေနဲ့ လုပ်ဆောင်သင့်တာတွေကို အကြံပြုခဲ့ပေမယ့် ထိုင်းနိုင်ငံ ခြားရေး ၀န်ကြီးက ငြင်းပယ်ခဲ့သလို ကလေးအနည်းငယ်ပဲ ဖမ်းဆီးထားတယ်လို့ တုံ့ပြန်ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ထိုင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းမှု လုပ်ဆောင်ချက်တွေက အရွယ်ရောက်သူတွေရော ကလေးတွေရဲ့ အခွင့်အရေးကိုပါ ချိုးဖောက်နေတဲ့အကြောင်းနဲ့ ကလေးတွေကို ဖမ်းဆီးနေတာ ကိုလည်း ရပ်တန့်ဖို့ HRW က တောင်းဆိုထားပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုက ရွှေ့ပြောင်းနေထိုင်သူတွေကတော့ ထိန်းသိမ်းရေး စခန်းမှာ ရက် အနည်းငယ် နေထိုင်ရပြီး နယ်စပ်တွေမှာ ပြန်လည် လွှတ်ပေးလေ့ရှိပါတယ်။

ထိုင်းနိုင်ငံမှာ အိမ်နီးချင်း နိုင်ငံတွေက ဒုက္ခသည်နဲ့ ခိုလှုံခွင့်ရှာနေတဲ့ ရွှေ့ပြောင်း ကလေးငယ် ၃ သိန်း ၇ သောင်းကျော်ရှိနေတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ဆိုပါတယ်။
မြန်မာဒုက္ခသည် ကလေးတွေက အများဆုံးဖြစ်ပြီး ပါကစ္စတန်၊ သိရီလကာင်္၊ ဆိုမာလီယာ၊ ဆီးရီးယားနဲ့ တခြားနိုင်ငံက ကလေးတွေလည်း ရှိနေပါတယ်။

တချို့ကလေး တွေက အသက် ၁၃၊ ၁၄၊ ၁၅ နှစ်ကနေ စတင် အလုပ်လုပ်ကြရတယ်လို့ အစီရင်ခံစာက ရေးသား ထားပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013