DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်အခြေခံဥပဒေတွင် ကိုယ်ဝန်ဖျက်ချပိုင်ခွင့် ထည့်သွင်း ပြဋ္ဌာန်း
DVB
·
March 5, 2024
ပြင်သစ်အခြေခံဥပဒေတွင် ကိုယ်ဝန်ဖျက်ချပိုင်ခွင့် ထည့်သွင်း ပြဋ္ဌာန်း
Donate to DVB

ပြင်သစ်နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုယ်ဝန်ဖျက်ချပိုင်ခွင့်ကို တရားဝင် ထည့်သွင်းပြဋ္ဌာန်းထားတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။

မတ်လ ၄ ရက်က ပြင်သစ်လွှတ်တော်နှစ်ရပ်ပေါင်း မဲခွဲမှုမှာ ထောက်ခံမဲ ၇၈၀ မဲရှိခဲ့ပြီး ကန့်ကွက်မဲ ၇၂ မဲသာ ရှိတဲ့အတွက် အခြေခံဥပဒေပြင်ဖို့ လိုအပ်တဲ့ အမတ် ၅ ပုံ ၃ ပုံကျော်ရဲ့ ထောက်ခံမှု ပြည့်မီခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချဖို့ အာမခံချက်ရှိတဲ့ လွတ်လပ်မှု ရှိတယ်လို့ အခြေခံဥပဒေပြင်ဆင်ချက်မှာ ဖော်ပြထားပါတယ်။

တချို့ကတော့ လွတ်လပ်မှု ဆိုတဲ့ စာသားအစား အခွင့်အရေး လို့ သုံးသင့်တယ်လို့ ထောက်ပြတာလည်း ရှိပါတယ်။

မဲပေးအပြီးမှာတော့ အီဖယ်တာဝါမှာ “ငါ့ခန္ဓာ ငါ့ရွေးချယ်မှု (My body my choice)” ဆိုတဲ့ စာသားကို မီးရောင်စုံနဲ့ ထွန်းညှိသရုပ်ဖော်ခဲ့ပါတယ်။

အတိတ်တုန်းက တရားမဝင် ကိုယ်ဝန်ဖျက်ချမှုမျိုးတွေ အတင်းအကျပ်လုပ်ခဲ့ရတဲ့ အမျိုးသမီးတွေအပေါ် လွှတ်တော်အမတ်တွေမှာ “ကိုယ့်ကျင့်တရားအကြွေး” တင်နေခဲ့တယ်လို့ ဝန်ကြီးချုပ် ဂေဘရီယယ်လ် အတဲက မဲမခွဲမီ ပြောကြားခဲ့ပါတယ်။

လာမယ့် သောကြာနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးအခွင့်အရေးနေ့မှာ ဒီပြင်ဆင်ချက် ပြဋ္ဌာန်းနိုင်မှု အထိမ်းအမှတ် အခမ်းအနား ကျင်းပမယ်လို့ သမ္မတ အီမန်နျူရယ် မက်ခွန်းက ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ ၁၉၇၅ ခုနှစ်တည်းက ကိုယ်ဝန်ဖျက်ချပိုင်ခွင့်ကို တရားဝင် ခွင့်ပြုခဲ့တာ ဖြစ်ပေမဲ့ အခုအခါမှာတော့ အခြေခံဥပဒေထဲပါ ထည့်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဥပဒေအရ ပြင်သစ်မှာ သန္ဓေအောင်ပြီး ၁၄ ပတ် (ကိုယ်ဝန်ရှိအမျိုးသမီးရဲ့ နောက်ဆုံးရာသီလာအပြီး ၁၆ ပတ်) မတိုင်မီအထိ ဖျက်ချပိုင်ခွင့် ရှိပါတယ်။

အဲဒီနောက်ပိုင်းအဆင့်တွေမှာဆိုရင်တော့ ကိုယ်ဝန်သည်ရဲ့ ရုပ်ပိုင်းစိတ်ပိုင်း ထိခိုက်မှုက ကာကွယ်ရအောင် ဖျက်ချဖို့ လိုတယ်၊ ဒါမှမဟုတ် ကိုယ်ဝန်သည်ရဲ့ အသက်အန္တရာယ် ထိခိုက်နိုင်တယ်၊ ကလေးမှာ ကုသမရနိုင်တဲ့ရောဂါ ပါလာတယ် ဆိုတာကို သမားတော်နှစ်ဦးရဲ့ အတည်ပြုချက်ရရင် ဖျက်ချပိုင်ခွင့် ရှိပါတယ်။

Source/Photo-REUTERS/Stephanie Lecocq

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013