DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် နိုင်ငံရေးပါတီများ အလွတ်သဘောဆွေးနွေး
DVB
·
September 3, 2014
နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ရန်  နိုင်ငံရေးပါတီများ အလွတ်သဘောဆွေးနွေး
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရပြီးရင် ဆက်လက်လုပ်ဆောင်ဖို့ ရှိနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့ ၂၀၁၀ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီတွေ ဒီကနေ့ ရန်ကုန်မြို့မှာ အလွတ်သဘော ဆွေးနွေးခဲ့ ကြပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(အန်ဘီအက်ဖ်)၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (အက်ဖ်ဒီအေ)အဖွဲ့နဲ့ ဦးနေ၀င်းရဲ့ မဆလပါတီကို အမွေဆက်ခံတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ(အန်ယူပီ)တို့က အဖွဲ့ဝင် ၂၀ ကျော်က ရန်ကုန်မှာ အလွတ်သဘော တွေ့ဆုံခဲ့ကြတာပါ။

[caption id="attachment_64162" align="alignright" width="300"]ဓာတ်ပုံ - ထွန်းထွန်းသိန်း ဓာတ်ပုံ - ထွန်းထွန်းသိန်း[/caption]ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အန်ဘီအက်ဖ်အဖွဲ့ဝင် ဦးစိုင်းလှကျော်ကတော့ အနာဂတ်နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီ ၆၇ ပါတီအားလုံး တက်ရောက်နိုင်မှာ မဟုတ်ဘဲ အချိုးကျ ကိုယ်စားလှယ်တွေ တက်ရောက်ဖို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“လာမယ့် အနာဂတ် မကြာခင်ဖြစ်လာတော့မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီတွေဟာ ဘယ်လို အခန်းကဏ္ဍမျိုး ပါဝင်သင့်သလဲ။ ဥပမာ ဘယ်ပါတီက ကိုယ်စားပြုပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးမလဲ။ ၆၇ ပါတီလုံး ၀င်ရောက်ဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီမှာ အညီအမျှဖြစ်အောင် နိုင်ငံရေးပါတီတွေ ၀င်ရောက်ဆွေးနွေးတဲ့အခါမှာ ၂၀ ပတ်ဝန်းကျင် ဖြစ်အောင် ဘယ်လို စုစည်းကြမလဲ။ ပြီးရင် အားလုံး တူညီတဲ့ မူဘောင်ကို ဘယ်လိုဆွေးနွေးကြ မလဲပေါ့။”

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(အန်ဘီအက်ဖ်)ရဲ့ ပြောခွင့်ရသူ ဒေါ်ချင်းချင်း ကတော့ ဒီကနေ့ ဆွေးနွေးပွဲကနေ လာမယ့် သီတင်းပတ်ကုန်လောက်ကျရင် ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီတွေ အားလုံးကို ဖိတ်ကြားပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါတီတွေဘက်က ပါဝင်မယ့် အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေး သွားမယ်လို့လည်း အခုလိုပြောပါတယ်။

“၁၃၊ ၁၄ ရက်ကျရင် ၆၇ ပါတီလုံးပါအောင် ကမကထ လုပ်ပြီးတော့မှ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လုပ်နိုင်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပဲဖြစ်မြောက်အောင် အမြန်အကောင်အထည် ဖော်နိုင်ဖို့နဲ့ နိုင်ငံရေးပါတီများအခန်းကဏ္ဍကနေ တက်ညီလက်ညီ ပူးပေါင်းပြီးတော့မှ ပါဝင်ဖို့ပါပဲ။”

ဒီမနက်ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကိုတော့ မြန်မာပြည်ရဲ့ အဓိက ပါတီကြီး ၂ ခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အာဏာရ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ တို့ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်ခဲ့ခြင်း မရှိခဲ့ပါဘူးလို့ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်)အဖွဲ့ဝင် ဦးစိုင်းလှကျော်က ပြောကြားပါတယ်။

ဒီမနက်တွေ့ဆုံပွဲ ကို ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) အဖွဲ့ဝင် ပါတီများ၊ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်(အက်ဖ်ဒီအေ) အဖွဲ့ဝင်ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီနှင့် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ တက်ရောက်ခဲ့ကြပြီး စုစုပေါင်း ၃၃ ပါတီ ကို ကိုယ်စားပြုတက်ရောက်ခဲ့ကြပြီး လာမယ့် စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တွေမှာတော့ မြန်မာ့နိုင်ငံရေးပါတီ ၆၇ ပါတီကို ဖိတ်ကြားပြီး နိုင်ငံရေး ဆွေးနွေးပွဲများနဲ့ ပတ်သက်တဲ့ တူညီသောသဘောထားတွေ ချမှတ်နိုင်ရေးကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း ဒီမိုကရေစီအင်အားစုပါတီတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013