DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းကို လက်နက်ပေးမည့်အစည်းအဝေးမှတ်တမ်း ထုတ်လွှင့်ပြီးနောက် ဂျာမန်သံအမတ်ကို ရုရှား ဆင့်ခေါ် 
DVB
·
March 5, 2024
ယူကရိန်းကို လက်နက်ပေးမည့်အစည်းအဝေးမှတ်တမ်း ထုတ်လွှင့်ပြီးနောက် ဂျာမန်သံအမတ်ကို ရုရှား ဆင့်ခေါ် 
Donate to DVB

ဂျာမန်စစ်တပ် အကြီးတန်းအရာရှိတွေရဲ့ အစည်းအဝေးဆိုင်ရာ အသံမှတ်တမ်းကို ရုရှားမီဒီယာက ထုတ်လွှင့်ခဲ့ပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဂျာမန်သံအမတ်ကြီး အလက်ဇန်းဒါး ဂရပ်ဖ် လန်စ်ဒေါ့ဖ်ကို မတ်လ ၄ ရက်မှာ ဆင့်ခေါ်ခဲ့ပါတယ်။

အသံမှတ်တမ်းထဲမှာ ဂျာမန်အရာရှိတွေဟာ ယူကရိန်းအတွက် လက်နက်တွေအ​ကြောင်း ဆွေးနွေးနေပြီး ရုရှားက ထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားဒေသက တံတားတစင်းကို ယူကရိန်းအစိုးရက ပစ်ခတ်မယ့် ဖြစ်နိုင်‌ခြေကို ဆွေးနွေးနေသံကိုလည်း ကြားရပါတယ်။ ဒါကြောင့် ရှင်းပြဖို့ ရုရှားအရာရှိတွေက တောင်းဆိုခဲ့တာပါ။

ရုရှားကိုပစ်ခတ်ဖို့ ဆွေးနွေးနေတဲ့ ဂျာမန်စစ်တပ်ရဲ့ ကြားဝင်စွက်ဖက်မှု ဆိုတဲ့ကိစ္စကို သည်းခံကြောင်းပြမှာ ဖြစ်ပေမဲ့ မေ့လိုက်မှာတော့ မဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ အနီးကပ် အကြီးတန်းလက်ထောက်က မတ်လ ၄ ရက်မှာ ပြောပါတယ်။

ရုရှား လုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌ ဒမစ်ထရီ မက်ဒ်ဗီဒက်ဗ်က  “ကျနော်တို့မြေကို ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး” လို့ ရုရှားတောင်ပိုင်းက လူငယ်ဖိုရမ်မှာ မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။

ယူကရိန်းရဲ့ လက်ရှိခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရးဆွေးနွေးပွဲဟာ မဖြစ်နိုင်တော့ဘဲ ဆွေးနွေးပွဲဖြစ်မြောက်ဖို့ အခင်းအကျင်းအနေနဲ့ ဖြစ်တည်မှုအသစ်ကို ဘယ် ယူကရိန်း အစိုးရသစ်မဆို ပထမဆုံး အသိအမှတ်ပြုရလိမ့်မယ်လို့လည်း သူက ပြောခဲ့ပါတယ်။

Source/Photo-REUTERS/Maxim Shemetov

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013