DVB Logo
Home
နိုင်ငံတကာ
နေတိုးအဖွဲ့ စစ်ရေးလေ့ကျင့်မှုကို ဆွီဒင် ပူးပေါင်းပါဝင်
DVB
·
March 5, 2024
နေတိုးအဖွဲ့ စစ်ရေးလေ့ကျင့်မှုကို ဆွီဒင် ပူးပေါင်းပါဝင်
Donate to DVB

ဆွီဒင်စစ်တပ်ဟာ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ စစ်သည်တွေနဲ့အတူ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ရဲ့ စစ်ရေးလေ့ကျင့်မှုကို မတ် ၄ ရက်မှာ လာရောက်ပူးပေါင်းခဲ့ပါတယ်။

နေတိုးကတော့ စစ်အေးခေတ် အဆုံးသတ်ပြီးတည်းက ခုထိ အကြီးဆုံး စစ်ရေးလေ့ကျင့်ပွဲကို ဆင်နွှဲနေတာပါ။

ဆွီဒင်ဟာ အရင်အပတ်က နေတိုးအဖွဲ့ဝင်အဖြစ် အပြီးသတ် အတည်ပြုချက်ရအပြီး ရက်ပိုင်းအတွင်း အဖွဲ့ဝင်အဖြစ် ပူးပေါင်းဖို့ အဆင်သင့် ဖြစ်နေခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်အပြီး ဘက်မလိုက် သမိုင်းရှည်ကြီးရှိခဲ့တဲ့ ဆွီဒင်နဲ့ ဖင်လန်တို့ပါ နေတိုးအဖွဲ့ဝင်အဖြစ် ပါဝင်လာပြီး မြောက်ကမ္ဘာခြမ်း စစ်ရေးမဟာမိတ်ကို ပြန်ပုံဖော်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်ဆင်နွှဲတဲ့ လေယာဉ်တွေကို ထိန်းချုပ်ညှိုနှိုင်း ဆောင်ရွက်ဖို့ အရာရှိနဲ့ ပညာရှင် အယောက် ၃၀၀ ကျော် ပါဝင် အလုပ်လုပ်နေတာပါ။

မဖောက်မပြန် တည်ကြည်တဲ့ ခုခံကာကွယ်သူလို့ အဓိပ္ပာယ်ရတဲ့ Steadfast Defender 2024 စစ်ရေးလေ့ကျင့်မှုမှာ နေတိုးရဲ့ အရှေ့ပိုင်း စစ်တောင်ပံမှာ ဥရောပမဟာမိတ်တွေကို အမေရိကန်က ဘယ်လိုအားဖြည့်မလဲဆိုတာကို အစမ်းလေ့ကျင့်နေပြီး နော်ဝေ၊ ဆွီဒင်နဲ့ ဖင်လန် မြောက်စွန်းဒေသတွေထဲမှာ လေ့ကျင့်နေကြတာပါ။

မေလအထိကြာမယ့် နေတိုး စစ်ရေးလေ့ကျင့်မှုအတွင်း သင်္ဘောစီးရေ ၅၀ ကျော်၊ လေယာဉ်တွေ၊ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ စစ်သည်အင်အား ၉၀,၀၀၀ ကျော်အထိ ပါဝင်လေ့ကျင့်ဖို့ ရှိနေပါတယ်။

နေတိုးအဖွဲ့ဝင်ဖြစ်ပေမဲ့ ကိုယ်ပိုင်တိုက်လေယာဉ်မရှိတဲ့ အယ်လ်‌ဘေးနီးယားနိုင်ငံကလည်း နေတိုးအဖွဲ့က လေယာဉ်တွေသုံးဖို့ ပြန်တည်ဆောက်မွမ်းမံထားတဲ့ ဆိုဗီယက်ခေတ်က ကူကိုဗာ လေတပ်အခြေစိုက်စခန်းကို ဖွင့်ပေးလိုက်ပါတယ်။

အယ်လ်‌ဘေးနီးယားနိုင်ငံရဲ့ လေပိုင်နက်ဟာ ဂရိနဲ့ မွန်တီနီဂရိုးနိုင်ငံတို့ကြားမှာရှိပြီး လောလောဆယ် အီတလီနဲ့ ဂရိတို့က စောင့်ရှောက်ပေးထားတာပါ။

၂၀၀၉ မှာ နေတိုးအဖွဲ့ဝင် ဖြစ်လာတဲ့ အယ်လ်‌ဘေးနီးယားဟာ အဒ်ရီယားတစ်ခ် ကမ်းရိုးတန်းက ပေါ့တို ရိုမာနိုမြို့မှာ ရေတပ်အခြေစိုက်စခန်း တည်ဆောက်ဖို့ နေတိုးနဲ့ ဆွေးနွေးနေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013