DVB Logo
Home
မြန်မာသတင်း
အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေး စစ်ကောင်စီ တက်ခွင့်မရ၊ မြန်မာ့ဒီမိုကရေစီ အရေး ထောက်ပံ့ရန် ဆန္ဒပြတောင်းဆို
DVB
·
March 4, 2024
အာဆီယံ-ဩစတြေးလျ  ထိပ်သီးအစည်းအဝေး စစ်ကောင်စီ တက်ခွင့်မရ၊ မြန်မာ့ဒီမိုကရေစီ အရေး ထောက်ပံ့ရန် ဆန္ဒပြတောင်းဆို
1 / 2
Donate to DVB

အာဆီယံ-ဩစတြေးလျ ဆက်ဆံရေး နှစ် ၅၀ ပြည့် ထိပ်သီးအစည်းအဝေးကို မတ်လ ၄ ရက်ကနေ ၆ ရက်အထိ ဩစတြေးလျနိုင်ငံ မဲဘုန်းမြို့က ကွန်ဗန်းရှင်းစင်တာမှာ လုံခြုံရေး တင်းကျပ် ကျင်းပနေပြီး ဩစတြေးလျရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေကလည်း စင်တာရှေ့မှာ စုရုံး ဆန္ဒပြနေကြပါတယ်။ 

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့  အစည်းအဝေးမဖိတ်ကြားဖို့ ထိပ်သီး အစည်းအဝေး မတိုင်ခင်ကတည်းက ဩစတြေးလျရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူနဲ့ မြန်မာတိုင်းရင်းသားတွေကက ဩစတြေးလျအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

ဒီအစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားပြု ကိုယ်စားလှယ် တက်ရောက်တာမျိုး လည်း မရှိသလို ဖိတ်ကြားတာမျိုးလည်း မရှိဘူးလို့ ကြားသိရပါတယ်။

သြစတြေးလျဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထိန်းသိမ်းဖို့ ကတိပြုထားတဲ့နိုင်ငံ ဖြစ်တာမို့ အာဏာသိမ်း စစ်ကောင်စီကို တရားဝင်အသိအမှတ်မပြုဖို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက ဖိအားပေး တောင်းဆိုခဲ့ကြတာတွေ ရှိပါတယ်။ 

အာဆီယံနဲ့ မိတ်ဖက် သြစတြေးလျနိုင်ငံတို့ကြား အထူးထိပ်သီးအစည်းအဝေး ပထမနေ့ဖြစ်တဲ့ မတ်လ ၄ ရက်မှာ ဆန္ဒပြသူတွေ မဲလ်ဘုန်းမြို့မှာ ချီတက်ရင်း မြန်မာ့ဒီမိုကရေစီအရေးအတွက် အာဆီယံက ထောက်ပံ့ဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပနေတဲ့ မဲလ်ဘုန်း ကွန်ဗင်းရှင်းနဲ့ ပြပွဲစင်တာရှေ့မှာ ကမ္ဘောဒီးယား ဆန္ဒပြသူတွကလည်း ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကြွေးကြော်ရင်း မြန်မာဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

တက်ကြွလှုပ်ရှားသူ ဒေါ်ယုယုချစ်က “အာဆီယံနိုင်ငံတွေနဲ့ ဩစတြေးလျတို့ ကျေးဇူးပြုပြီး ဆောင်ရွက်ပေးကြပါ။ အရေးယူဖို့ လိုပါတယ်။ ကျေးဇူးပြုပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို စောင့်မနေပါနဲ့။ အဲဒါက အသုံးမဝင်ပါဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှာ စစ်တပ်က ရွေးကောက်တင်မြှောက်ခံ အရပ်သား အစိုးရဆီကနေ တရားမဝင် အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတဝန်းမှာ  မတည်မငြိမ် ဖြစ်နေတာပါ။

သြစတြေးလျဟာ အာဆီယံအဖွဲ့ရဲ့ ပထမဆုံးသော ပြင်ပမိတ်ဘက်နိုင်ငံဖြစ်လာတဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထိပ်သီးအစည်းအဝေးကို မဲလ်ဘုန်းမြို့မှာ မတ်လ ၄ ရက်ကနေ ၆ ရက်အထိ လက်ခံကျင်းပနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013