
ရန်ကုန်မြို့ ယာဉ်ရောင်းဝယ်ရေးစခန်းကြီး ၃ ခုက တပိုင်တနိုင် ကားဝယ်ရောင်းသမားတွေ စုပေါင်းပြီး ရန်ကုန်ဧရိယာထဲက မြေဧက ၆၀ လောက် ပေါ်မှာ ပုဂ္ဂလိက ယာဉ်ရောင်းဝယ်ရေး စခန်းကြီးတခု ဖွင့်လှစ်မယ်လို့ ကားဝယ်ရောင်းလုပ်ငန်းရှင် ဦးရဲမင်းသိန်းက ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ရန်ကုန်စည်ပင်က ပိုင်တဲ့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း၊ သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်း၊ လှိုင် ယာဉ်ရောင်းဝယ်ရေးစ ခန်းတွေမှာ ကားတွေကို ညအိပ် ရပ်နားခွင့်မပြုတော့တဲ့အတွက် ကားဝယ်ရောင်းသမားတွေ အခက်အခဲ တွေ့လာပြီး ခုလို ယာဉ်ရောင်းဝယ်ရေးစခန်းကြီးတခု ဖွင့်လှစ်ဖို့ စီစဉ်ရတာလို့
ဆိုပါတယ်။
အလားတူ မော်တော်ယာဉ် တင်သွင်းတဲ့ ကားပြခန်းလုပ်ငန်းလုပ်ကိုင်နေသူတွေ စုပေါင်းပြီးလည်း အလားတူ ယာဉ်ရောင်းဝယ်ရေးစခန်း ထူထောင်ဖို့ ကြိုးစားနေတယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ အစိုးရသစ် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဂျပန်ကနေ ၁ နှစ် ကားစီးရေ ၁ သိန်းလောက် တင်သွင်း ရောင်းချလာနေတဲ့ အတွက် ကြီးမားတဲ့ ဈေးကွက်ကြီး ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။











