DVB Logo
Home
နိုင်ငံတကာ
ကက်ရှ်မီးယားနှင့် ပါလက်စတိုင်း လွတ်မြောက်ရေး ပါကစ္စတန်ဝန်ကြီးချုပ်သစ် တောင်းဆို
DVB
·
March 4, 2024
ကက်ရှ်မီးယားနှင့် ပါလက်စတိုင်း လွတ်မြောက်ရေး ပါကစ္စတန်ဝန်ကြီးချုပ်သစ် တောင်းဆို
Donate to DVB

ရှာဘက်ဇ်ရှရစ်ဖ်ဟာ ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် မတ်လ ၃ ရက်နေ့က ဒုတိယအကြိမ် ကျမ်းကျိန်ခဲ့တဲ့ ပထမဆုံးမိန့်ခွန်းမှာ ကက်ရှ်မီးယားနယ်သားတွေနဲ့ ပါလက်စတိုင်းသားတွေ လွတ်မြောက်ရေး တောင်းဆိုခဲ့ပါတယ်။

ဂါဇာကမ်းမြောင်က အခြေအနေတွေအပေါ် ကမ္ဘာကြီးက နှုတ်ဆိတ်နေကြောင်း ထည့်ပြောသွားသလို ပါလက်စတိုင်းဖြစ်စဉ်နဲ့ ချိတ်ပြီး အငြင်းပွားစရာ ကက်ရှ်မီးယားဒေသ အရေးကိုပါ ထည့်ပြောသွားတာ ဖြစ်ပါတယ်။

ကက်ရှ်မီးယားဒေသအရေးဟာ အိန္ဒိယနဲ့ ပါကစ္စတန်အကြား အဓိက အငြင်းပွားရတဲ့ကိစ္စ ဖြစ်ပါတယ်။

“လွှတ်တော်ကနေ ကက်ရှ်မီးယားသားတွေနဲ့ ပါလက်စတိုင်းသားတွေ လွတ်မြောက်ရေး ဆုံးဖြတ်ချက်တရပ် အတည်ပြုပေးဖို့ တောင်းဆိုပါတယ်” လို့ ရှာဘက်ဇ်ရှရစ်ဖ်က ပြောပါတယ်။

လွှတ်တော်အသုံးစရိတ်ကအစ အကြွေးလည်ပတ်နေရတယ်ဆိုတဲ့ အချက်ကိုလည်း ဝန်ကြီးချုပ်သစ်က ဝန်ခံသွားပါတယ်။

ပါကစ္စတန်အစိုးရဟာ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး မနှစ်က အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကနေ ဒေါ်လာ ၃ ဘီလီယံ ချေးယူမယ့် အစီအစဉ်ကို သဘောတူညီနိုင်ခဲ့ပေမဲ့ စီးပွားရေးတည်ငြိမ်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

လွှတ်တော်မှာ ဝန်ကြီးချုပ်သစ်ကို အမတ်တွေက မဲပေးရွေးချယ်ရမှာ ရှာဘက်ဇ်ရှရစ်ဖ်က ၂၀၁ မဲ ရခဲ့ပြီး အနည်းဆုံးလိုအပ်ချက် ၁၆၉ ယောက်ကို ကျော်လွန်ခဲ့ပါတယ်။

ထောင်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ အင်အားစုက တင်တဲ့ ဝန်ကြီးချုပ်လောင်း အိုမာအာယပ်ဘ်ကတော့ ၉၂ မဲပဲ ရခဲ့ပါတယ်။

အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ရှာဘက်ဇ်ရှရစ်ဖ်ဟာ ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ်တာဝန် ရယူမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ အထိလည်း ဝန်ကြီးချုပ်တာဝန်ယူဖူးသူ ဖြစ်ပါတယ်။

သူဟာ ပါကစ္စတန် မွတ်စလင်လိဂ်-နာဝပ်ဇ် (PML-N) ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ သုံးကြိမ်တိုင်တိုင် ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ နာဝပ်ဇ်ရှရစ်ဖ်ရဲ့ ညီဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013