DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် အပစ်အခတ် ချက်ချင်းရပ်ရန် အမေရိကန်ဒုသမ္မတ တိုက်တွန်း
DVB
·
March 4, 2024
ဂါဇာတွင် အပစ်အခတ် ချက်ချင်းရပ်ရန် အမေရိကန်ဒုသမ္မတ တိုက်တွန်း
Donate to DVB

ပါလက်စတိုင်းပြည်သူတွေကြားမှာ လူမဆန်တဲ့ အခြေအနေတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဆိုးကြီး ဆိုက်နေပြီလို့ အမေရိကန် ဒုသမ္မတ ကမ်မလာဟားရစ်က ပြောကြားရင်း ဂါဇာမှာ အပစ်အခတ် ချက်ချင်းရပ်ဖို့နဲ့ အကူအညီတွေ စီးဆင်းမှု လွယ်ကူရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ မတ်လ ၃ ရက်က ဆော်ဩလိုက်ပါတယ်။

ဟားရစ်ရဲ့ မှတ်ချက်ဟာ ဂါဇာကအခြေအနေတွေ သက်သာပြေလျော့စေရေး အမေရိကန်အစိုးရ အကြီးတန်းခေါင်းဆောင်တွေထဲမှာ အထိရှဆုံး ဆော်ဩချက်တွေထဲက တခုဖြစ်လာပါတယ်။

ဟားမတ်စ်တွေကိုလည်း သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး စတင်ဖို့ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေကို ပြန်လွှတ်ရေးနဲ့ အကူအညီတွေ ပိုပြီး စီးဆင်းနိုင်စေရေး သဘောတူညီချက်ကို လက်ခံဖို့ ဟားရစ်က တိုက်တွန်းခဲ့ပါတယ်။

ငြိမ်းချမ်းတဲ့ ဆန္ဒပြသူတွေကို ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့တဲ့ သွေးစွန်းတဲ့ တနင်္ဂနွေနေ့ ၅၉ နှစ်ပြည့် အခမ်းအနားကို အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ် ဆယ်လ်မာမြို့မှာ တက်ရောက်ရင်း ခုလိုပြောလိုက်တာပါ။

အသက်ရှင်နေဆဲ ဓားစာခံတွေရဲ့ နာမည်စာရင်း အပြည့်အစုံအတွက် အစ္စရေးရဲ့ တောင်းဆိုချက်ကို ဟားမတ်စ်တွေက ပယ်ချပြီးတဲ့နောက် တနင်္ဂနွေနေ့က အီဂျစ်မြို့တော် ကိုင်ရိုမှာ ကျင်းပတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို အစ္စရေးက သပိတ်မှောက်ခဲ့တယ်လို့ အစ္စရေးသတင်းစာက ဖော်ပြခဲ့ပါတယ်။

ဟားရစ်က“ဂါဇာမှာ အကြီးအကျယ် အတိဒုက္ခရောက်နေကြတာကို ထောက်ထားပြီးတော့ ချက်ချင်း အပစ်အခတ် ရပ်စဲရပါမယ်။ စားပွဲပေါ်မှာ သဘောတူညီချက်က ရှိနေပြီးသားပါ။ ဟားမတ်စ်က ဒီသဘောတူညီချက်ကို လက်ခံဖို့လိုပါတယ်” လို့ ပြောပါတယ်။

“ဂါဇာကပြည်သူတွေ ငတ်နေကြပါပြီ။ အခြေအနေတွေက လူမဆန်စွာ ဖြစ်ပေါ်နေတာပါ။ ကျမတို့ရဲ့ သာမန်လူသားဆန်မှုက ဒီကိစ္စကို လုပ်မှရတော့မယ်လို့ စေ့ဆော်နေပါတယ်။ အစ္စရေးအစိုးရအနေနဲ့ အကူအညီစီးဆင်းမှု သိသိသာသာကြီး တိုးမြင့်လာအောင် ပိုပြီးလုပ်ဖို့ လိုပါတယ်။ ဘယ်လိုဆင်ခြေမှ ပေးမနေသင့်ပါဘူး” လို့ ဟားရစ်က ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013