DVB Logo
Home
နိုင်ငံတကာ
BRIT ဂီတဆုပေးပွဲတွင် အမျိုးသမီးအဆိုတော် Raye က ဆု ၆ ဆု စံချိန်တင်ဆွတ်ခူး
DVB
·
March 3, 2024
BRIT ဂီတဆုပေးပွဲတွင် အမျိုးသမီးအဆိုတော် Raye က ဆု ၆ ဆု စံချိန်တင်ဆွတ်ခူး
Donate to DVB

ယူကေရဲ့ ဂရမ်မီဆုပေးပွဲလို့ တင်စားကြတဲ့ BRIT ဂီတဆုပေးပွဲမှာ  အမျိုးသမီးအဆိုတော် ရေး က ၆ ဆုအထိ စံချိန်တင်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

သူ့ရဲ့ ပွဲဦးထွက်အယ်လ်ဘမ် My 21st Century Blues ဟာ တနှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆု ဆွတ်ခူးခဲ့သလို အဲဒီထဲက Escapism သီချင်းကလည်း အကောင်းဆုံး တေးသီချင်းဆု ဆွတ်ခူးခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် အနုပညာရှင်ဟာ တနှစ်တာ အနုပညာရှင်ဆု၊ အကောင်းဆုံး R&B  သီချင်းဆု၊ မျက်နှာသစ်အနုပညာရှင်ဆုတွေနဲ့အတူ အကောင်းဆုံးတေးရေးဆရာဆုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဗြိတိန်တေးသံသွင်းလုပ်ငန်း (BPI)  က ချီးမြှင့်တဲ့ ဒီဆုပေးပွဲမှာ တနှစ်တည်း ဆုအများဆုံးရသူ အဖြစ်ပါ ရေးက စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ရေးရဲ့ မူလ တေးသံသွင်းဖြစ်တဲ့ ပိုလီဒေါ ရက်ကော့ဒ်ဟာ  ပွဲဦးထွက်အယ်လ်ဘမ် ထွက်ရှိရေးကို နှစ်နဲ့ချီပြီး နှောင့်နှေးထားခဲ့တာကြောင့် ၂၀၂၁ မှာ လမ်းခွဲခဲ့ပြီး တသီးပုဂ္ဂလ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

အကောင်းဆုံးအဖွဲ့ဆုကို Jungle က ရရှိခဲ့ပြီး ရော့ခ်ဂီတအဖွဲ့ Bring Me the Horizon က အော်လ်တာနေးတစ်/ရော့ခ် ကဏ္ဍမှာ အကောင်းဆုံးဆုရခဲ့ပါတယ်။ 

ဆန်ခါတင် ၃ ဆုပါတဲ့ ဒူပါလီပါကတော့ ပေါ့ကဏ္ဍမှာ ရခဲ့ပြီး အမျိုးသမီး အင်ဒီးရော့ခ်ဂီတအဖွဲ့ boygeinus က အင်တာနေရှင်နယ်ဂီတအဖွဲ့ဆု ရခဲ့ပါတယ်။

Source/Photo-REUTERS/Isabel Infantes

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013