DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တွင် ချောက်ထဲ ပြုတ်ကျ ပျောက်ဆုံးနေသူကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်
DVB
·
March 3, 2024
အမေရိကန်တွင် ချောက်ထဲ ပြုတ်ကျ ပျောက်ဆုံးနေသူကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်
Donate to DVB

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ် ဘစ်ခ်ဆားရ် ချောက်ကမ်းပါးကနေ ပေ ၄၀၀ လောက် ကားလိမ့်ဆင်းသွားပြီးတဲ့နောက် ၂ ရက်ကြာ ပျောက်ဆုံးနေတဲ့ အမျိုးသားတယောက်ကို ရဟတ်ယာဉ်နဲ့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဇိမ်ခံအပန်းဖြေစခန်း ပို့စ်ထ်ရန့်ချ်က ဝန်ထမ်းဖြစ်သူဟာ အလုပ်ကနေ ဖေဖော်ဝါရီ ၂၅ ရက်က ပြန်သွားအပြီး အိမ်ပြန်မရောက်လာဘဲ ပျောက်နေခဲ့တာပါ။

ကာလီဖိုးနီးယား အဝေးပြေးလမ်းမ ကင်းလှည့်ရဟတ်ယာဉ်က သူ့ကို ပတ်ဝန်းကျင်မှာ လိုက်ရှာခဲ့ရာမှာ လမ်းဘေးကနေ ပေ ၄၀၀ လောက်အကွာမှာရပ်ရင်း ယာယီသုံးအလံနဲ့ ဝှေ့ယမ်းနေတဲ့ သူ့ကို ဖေဖော်ဝါရီ ၂၇ ရက်မှာ ရှာတွေ့ခဲ့ပါတယ်။

ဒဏ်ရာရထားတဲ့ အမျိုးသားကိုကယ်ဖို့ ဘစ်ခ်ဆားရ် မီးသတ်ဌာန အကြီးအကဲက ရဟတ်ယာဉ်ကနေ ကြိုးကို ချပေးခဲ့ပါတယ်။ အမျိုးသားကို အခင်းဖြစ်ရာနေရာကနေ ရဟတ်ယာဉ်နဲ့ ဆွဲတင်အပြီး အနားက ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

အဲဒီအမျိုးသားဟာ အလုပ်ကနေအိမ်ကို ကားမောင်းပြီးအပြန်မှာ အမှတ် ၁ အဝေးပြေးလမ်းမကြီးရဲ့ ကျဉ်းမြောင်းတဲ့ အကွေ့အကောက်မှာ သမင်တချို့ကို ရှောင်လိုက်ရင်း ကားက ချောက်ကမ်းပါးကနေ လိမ့်ဆင်းသွားချိန်မှာ ကားအမိုးတံခါးကနေ လွင့်စဉ်ထွက်ခဲ့တယ်လို့ အမျိုးသားက ပြောပါတယ်။ 

ပေ ၄၀၀ နက်တဲ့ ချောက်ကမ်းပါးကနေ ပြန်တက်ဖို့ မဖြစ်နိုင်ဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ပြောခဲ့တဲ့အကြောင်း ဒေသခံမီဒီယာက ဖော်ပြပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013