DVB Logo
Home
နိုင်ငံတကာ
ရှာဘတ်ဇ်ရှရစ်ဖ် ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် ယနေ့ ကျမ်းကျိန်မည်
DVB
·
March 3, 2024
ရှာဘတ်ဇ်ရှရစ်ဖ် ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် ယနေ့ ကျမ်းကျိန်မည်
Donate to DVB

ပါကစ္စတန် လွှတ်တော်သစ်က မဲဆန္ဒနဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ထားတဲ့ ရှာဘတ်ဇ်ရှရစ်ဖ်ဟာ ဒီနေ့ မတ် ၃ ရက်နေ့မှာ ကျမ်းကျိန်မှာဖြစ်ပြီး အငြင်းပွားဖွယ် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ညွန့်ပေါင်းအစိုးရကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ 

အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ရှာဘတ်ဇ်ရှရစ်ဖ်ဟာ ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ် တာဝန်ရယူမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ အထိလည်း ဝန်ကြီးချုပ် တာဝန်ယူဖူးသူ ဖြစ်ပါတယ်။ 

သူဟာ   ပါကစ္စတန် မွတ်စလင်လိဂ်-နာဝပ်ဇ် (PML-N) ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ၊ သုံးကြိမ်တိုင်တိုင် ဝန်ကြီးချုပ် လုပ်ခဲ့တဲ့ နာဝပ်ဇ်ရှရစ်ဖ်ရဲ့ ညီ ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ပါကစ္စတန် ရွေးကောက်ပွဲဟာ မိုဘိုင်းအင်တာနက် ဖြတ်တောက်ထားတာ၊ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ခဲ့တာ၊ အကြမ်းဖက်မှုတွေ ရှိခဲ့တာ၊ ရွေးကောက်ပွဲရလဒ်ထုတ်ပြန်ဖို့ နှောင့်နှေးခဲ့တာ စတဲ့ အငြင်းပွားဖွယ်ရာ ကိစ္စတွေကြောင့် ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ်။

အီမရန်ခန်းကို ထောင်ဒဏ်အလီလီချပြီး သူ့ပါတီဝင်တွေဟာ ခရစ်ကတ် အမှတ်တံဆိပ် သုံးခွင့်မရခဲ့ဘဲ တသီးပုဂ္ဂလတွေအဖြစ် ဝင်ပြိုင်ခဲ့ရတဲ့အပြင် မဲလိမ်၊ မဲခိုးမှုတွေနဲ့ မရှုံး ရှုံးအောင်လုပ်ခဲ့တယ်လို့လည်း စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

ဒီလို အခြေအနေကြားထဲကတောင် အီမရန်ခန်းအင်အားစုဟာ မဲအများဆုံးရခဲ့ပြီး အမတ်နေရာ အများဆုံး ရခဲ့ပါတယ်။ 

ဒါပေမဲ့ တပါတီတည်း အစိုးရဖွဲ့ဖို့ မလုံလောက်တဲ့အချိန်မှာ ဒုတိယနဲ့ တတိယ မဲအများဆုံးရတဲ့ ပါတီ ၂ ခု ဦးဆောင်ပြီး ညွန့်ပေါင်းဖွဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

သဘောတူညီချက်အရ PML-N ပါတီက ဝန်ကြီးချုပ်နေရာ ရမှာဖြစ်ပြီး ပါကစ္စတန်ပြည်သူ့ပါတီ PPP က သမ္မတနေရာ ရယူဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Source/Photo- REUTERS/Denis Balibouse

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013