DVB Logo
Home
စီးပွားရေး
E-Visa ဖြင့် ပထမ ဦးဆုံးခရီးသည် ၀င်ရောက်
DVB
·
September 3, 2014
E-Visa ဖြင့် ပထမ ဦးဆုံးခရီးသည် ၀င်ရောက်
1 / 2
Donate to DVB

eVisaမြန်မာအစိုးရဟာ နိုင်ငံခြားသား ခရီးသည်တွေကို အွန်လိုင်းကနေ ဗီဇာယူခွင့်ပေးပြီးနောက် စက်တင်ဘာ (၁) ရက် ညနေမှာ အွန်လိုင်းကနေ ဗီဇာလျှောက် ရယူခဲ့တဲ့ ဂျပန်နိုင်ငံသား တဦး ရန်ကုန် အပြည်ပြည်ဆိုင်ရ်ာလေဆိပ်ကို ပထမဦးဆုံး ခရီးသည်အဖြစ် ၀င်ရောက်လာတယ်လို့ မြန်မာ့သတင်းစဉ်က ထုတ်ပြန်ပါတယ်။

ပထမ ဦးဆုံး ၀င်ရောက်လာတဲ့ အဲဒီ ဂျပန်နိုင်ငံသားကို လ၀က ၀န်ကြီး ဦးခင်ရီနဲ့ အစိုးရတာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပြီး ပုဂံညောင်ဦး ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ကိုလည်း အခမဲ့ ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံကို နိုင်ငံခြားသား ခရီးသည် ၂ သန်းလောက် ၀င်ခဲ့ပြီး အခုနှစ် ၃ သန်းလောက် ၀င်လာမယ်လို့ မျှော်မှန်းထားကာ အဲဒီအတွက် အစိုးရရဲ့ E-Visa စနစ်က အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ၀န်ကြီးဦးခင်ရီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013