DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကို လက်နက်၊ လေယာဉ်ဆီနှင့် နိုင်ငံခြားငွေရလမ်းများ ဖြတ်တောက်ရမည်ဟု ကုလ လူ့အခွင့်အရေး မဟာမင်းကြီး ပြော
DVB
·
March 2, 2024
စစ်တပ်ကို လက်နက်၊ လေယာဉ်ဆီနှင့် နိုင်ငံခြားငွေရလမ်းများ ဖြတ်တောက်ရမည်ဟု ကုလ လူ့အခွင့်အရေး မဟာမင်းကြီး ပြော
Donate to DVB

မြန်မာစစ်အစိုးရက ပြည်သူတွေအပေါ် ရက်စက်ယုတ်မာ ကျူးလွန်နေတာတွေကနေ ဟန့်တားနိုင်ဖို့အတွက် လက်နက်၊ လေယာဉ်ဆီနဲ့ နိုင်ငံခြားငွေ ရနိုင်တဲ့နည်းလမ်းတွေကို ကန့်သတ်ဖို့ ပစ်မှတ်ထားအရေးယူရမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မတ် ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

မဟာမင်းကြီး ဗောလ်ကာ တာ့ခ် က “ရိုဟင်ဂျာတွေအပါအဝင် နိုင်ငံတွင်းက ပြည်သူအားလုံးအပေါ် ယုတ်မာရက်စက်မှုတွေကနေ ဟန့်တားနိုင်ဖို့  နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့  ပြန်အာရုံစိုက်ဖို့ ထပ်တောင်းဆိုပါရစေ” လို့ ဂျနီဗာမှာပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။

ဆက်ပြီးတော့ အရပ်သားတွေအပေါ်ဖိနှိပ်တဲ့ စစ်ဆင်ရေးတွေဆက်လုပ်ဖို့ လိုအပ်တဲ့ လက်နက်၊ လေယာဉ်ဆီနဲ့ နိုင်ငံခြားငွေ ရလမ်းတွေ အဆုံးသတ်ဖို့ နိုင်ငံတွေအနေနဲ့ လုပ်ဆောင်သင့်တယ်လို့လည်း တာ့ခ်က ပြောပါတယ်။

လူ့အခွင့်အရေးမဟာမင်းကြီးက “စနစ်တကျခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု၊ အစုလိုက် နေရာ ရွှေ့ပြောင်းစေမှုနဲ့ တခြားဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ရပြီးတဲ့နောက်၊ ရိုဟင်ဂျာတွေဟာ ယနေ့အခါမှာလည်း ရွာတွေ၊ အထိန်းသိမ်းခံ စခန်းတွေမှာ အကျဉ်းကျခံထားနေရဆဲဖြစ်ပါတယ်” လို့ လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတွင်းမှာ လက်ရှိရှိနေတဲ့ များပြားလှတဲ့ အရေအတွက်ကို ထောက်ပံ့ပေးထားရတာက သူ့နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်လာတဲ့အတွက် မြန်မာနိုင်ငံကနေ နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်တွေ ထပ်ပြီး ဝင်ခွင့်မပေးတော့ဘူးလို့ ပြီးခဲ့တဲ့လက ထုတ်ပြန်ထားပါတယ်။

မဟာမင်းကြီး ဗောလ်ကာ တာ့ခ် က “အကြမ်းဖက်မှုတွေကနေ ထွက်ပြေးကြတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကို ဝင်ခွင့်မရဘဲ ဟန့်တားခံနေရတဲ့ဆိုတဲ့ ခိုင်မာတဲ့ သတင်းတွေ ကျနော့်ရုံးက လက်ခံရရှိပါတယ်။ မြန်မာနိုင်ငံတွင်းက နှိပ်စက်ညှင်းပန်းမှုနဲ့ ပဋိပက္ခကနေ ထွက်ပြေးလာကြတဲ့ ပြည်သူတွေကို အပြည်ပြည်ဆိုင်ရာ ဒုက္ခသည် အကာအကွယ်ပေးနိုင်ဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးကို ကျနော် မေတ္တာရပ်ခံပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013