DVB Logo
Home
မြန်မာသတင်း
အီဘိုလာ သံသယရှိ လူနာ ဆေးရုံက ဆင်းပြီ
DVB
·
September 3, 2014
အီဘိုလာ သံသယရှိ လူနာ ဆေးရုံက ဆင်းပြီ
Donate to DVB

Ebola myanmar 20082014အီဘိုလာရောဂါ သံသယနဲ့ ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ဆေးကုမှုခံယူနေတဲ့ လူနာမှာ အီဘိုလာရောဂါပိုးမရှိဟု မနေ့က သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဒီနေ့ ဆေးရုံက ဆင်းပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

သံသယ လူနာနဲ့ အနီးကပ်ထိတွေ့သူ ၄ ဦး၊ စုစုပေါင်း ၅ ဦးကို ဝေဘာဂီ အထူးကုဆေးရုံကြီိးမှာ ပြုစုကုသပေးပြီး လူနာတွေရဲ့အခြေအနေ လုံးဝကောင်းမွန်တာကြောင့် ဆင်းခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။

ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၂၂ နှစ်ရှိ သံသယလူနာနဲ့ အနီးကပ်ထိတွေ့သူ ၄ ဦးအပါအ၀င် စုစုပေါင်း ၅ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့ရှိ ညွှန်းပို့ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲနမူနာတွေမှာ အီဘိုလာရောဂါပိုး မတွေ့ရှိရကြောင်း စက်တင်ဘာလ ၂ ရက်နေ့က အကြောင်းပြန်ကြားခဲ့တာပါ။

အာဖရိကမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ အသက် ၂၂ နှစ်အရွယ် မြန်မာ အမျိုးသားတဦးကို ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ကိုယ်အပူချိန်မြင့်လျက် တွေ့ရှိရတဲ့အတွက် အီဘိုလာ ရောဂါသံသယနဲ့ သက်ဆိုင်ရာက မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံဆီ လွှဲပြောင်းပို့ဆောင် ကျန်းမာရေးစောင့်ကြပ်စစ်ဆေး ကုသပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013