DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှား စာသင်ကျောင်းများတွင် အခမဲ့နေ့လယ်စာကျွေးမည့် အစီအစဉ် စမ်းသပ်
DVB
·
March 1, 2024
အင်ဒိုနီးရှား စာသင်ကျောင်းများတွင် အခမဲ့နေ့လယ်စာကျွေးမည့် အစီအစဉ် စမ်းသပ်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဘန်တန်းပြည်နယ်ရှိ ကျောင်းတကျောင်းမှာ အင်ဒိုနီးရှား သမ္မတအသစ် ပရာဘိုဝို ဆူဘီယန်တို အဆိုပြုထားတဲ့ အခမဲ့ ကျောင်းနေ့လယ်စာ အစီအစဉ်ကို ဖေဖော်ဝါရီ ၂၉ ရက်က စမ်းသပ်ခဲ့ပါတယ်။

ကြာသပတေးနေ့ တရက်တာ ဒီစမ်းသပ်မှုဟာ နိုင်ငံတဝန်းရှိ စာသင်ကျောင်းတွေမှာ အကောင်အထည်မဖော်ခင် ဒီအစီအစဉ်ရဲ့ အခြေခံတွေကိုပြသဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အင်ဒိုနီးရှားရဲ့ စီးပွားရေးရေးရာ ညှိနှိုင်းရေးဝန်ကြီး အယ်ရ်လန်ဂါ ဟာတာတိုက ပြောကြားခဲ့ပါတယ်။

ဒီစမ်းသပ်မှုကို ဒေသဆိုင်ရာခရိုင်က စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပေမဲ့ ပြည်တွင်းမီဒီယာတွေကတော့ ပရာဘိုဝိုက မဲဆန္ဒရှင်တွေကို ဆွဲဆောင်ခဲ့တဲ့ သူ့ရဲ့ ကတိကဝတ်တွေထဲက တခုဖြစ်တဲ့ အဆိုပြုချက်နဲ့ တူညီတာကို သတိပြုမိကြပါတယ်။

ပရာဘိုဝို အဆိုပြုထားတဲ့ အစီအစဉ် ကိုယ်တိုင်က အငြင်းပွားစရာတွေ ရှိနေပြီး ရိုက်တာက မြင်တွေ့ရတဲ့ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းအရ အဲဒီကုန်ကျစရိတ် တခုတည်းနဲ့တောင် အင်ဒိုနီးရှားရဲ့ ဘဏ္ဍာရေးဘတ်ဂျက် လိုငွေပြမှုကို ကျယ်ပြန့်စေနိုင်ပါတယ်။

အဲဒီအစီအစဉ်ဟာ ပထမနှစ်မှာပဲ ဒေါ်လာ ၇ ဒသမ ၆၈ ဘီလီယံအထိ ကုန်ကျဖွယ်ရှိပြီး အစီအစဉ်ရဲ့ နောက်ဆုံးအဆင့်ရောက်ချိန် ၂၀၂၉ ခုနှစ်မှာ ဒေါ်လာ ၂၈ ဒသမ ၇၉ ဘီလီယံ ကုန်ကျမှာဖြစ်ကြောင်း ပရာဘိုဝိုရဲ့အဖွဲ့က ပြောပါတယ်။

ပရာဘိုဝိုရဲ့ မဲဆွယ်ကတိစကားဖြစ်တဲ့ ကလေး ၈၂ ဒသမ ၉ သန်းအတွက် အစားအသောက် အခမဲ့အစီအစဉ်ရဲ့ ကုန်ကျစရိတ်ဟာ မြင့်မားပြီး အင်ဒိုနီးရှားရဲ့ ဘဏ္ဍာရေး စည်းကမ်းထိန်းသိမ်းရေး စံချိန်ကို ထိခိုက်စေနိုင်တယ်လို့ လေ့လာသူတချို့က သတိပေး ပြောဆိုကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013