DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အကြီးဆုံး အန်နာကွန်ဒါမြွေမျိုးစိတ်သစ် တွေ့ရှိ
DVB
·
March 1, 2024
ကမ္ဘာ့အကြီးဆုံး အန်နာကွန်ဒါမြွေမျိုးစိတ်သစ် တွေ့ရှိ
Donate to DVB

အမေဇုန်တောကြီးထဲက သုတေသနပညာရှင်တွေဟာ  ကမ္ဘာ့အကြီးဆုံး အန်နာကွန်ဒါ မြွေမျိုးထဲက မျိုးစိတ်သစ်ဖြစ်တဲ့ ဧရာမ အစိမ်းရောင် အန်နာကွန်ဒါမြွေကြီးကို တွေ့ရှိခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ နှစ် ၁၀ သန်းကတည်းက အနီးစပ်ဆုံး အန်နာကွန်ဒါမျိုးစိတ်နဲ့ ကွဲကွာပြီး အီကွေဒေါ မုတ်သုံတောထဲမှာ ရှိနေတာဖြစ်ပါတယ်။

ထုတ်ပြန်ပေးခဲ့တဲ့ ဗီဒီယိုဖိုင်တခုထဲမှာ ဒတ်ချ်ဇီဝဗေဒပညာရှင် ဖရိခ်ဗွန့်ခ်ဟာ ပေ ၂၀ ရှည်ပြီး ၄၄၁ ပေါင်လေးတဲ့ မြွေကြီးနဲ့ ဘေးမှာယှဉ်ပြီး ရေကူးနေတဲ့ပုံ ပါရှိပါတယ်။

အရင်တုန်းက အစိမ်းရောင် အန်နာကွန်ဒါမြွေမျိုးဟာ Eunectes murinus မျိုးစိတ်တခုသာ ရှိတယ်လို့ ထင်ခဲ့ပေမဲ့ အခုထပ်တွေ့တာဟာ မြောက်ပိုင်း အစိမ်းရောင် အန်နာကွန်ဒါ မျိုးစိတ်လို့ ခွဲခေါ်ရမယ့် သီးခြားမျိုးစိတ်သစ် Eunectes akiyama ဖြစ်တယ်လို့ သိပ္ပံဂျာနယ် Diversity က ဖော်ပြပါတယ်။

သုတေသနပညာရှင် ဘရိုင်ယန် ဂျီဖရိုင်းက “အီကွေဒေါက ယာဆူနီမှာ ရေနံကို အထိန်းအကွပ်မရှိ သုံးနေကြရာကနေ ရေနံယိုဖိတ်မှုကြောင့် ဘယ်လိုထိခိုက်မှုတွေ ရှိတယ်ဆိုတာ ပြဖို့ အန်နာကွန်ဒါတွေကို နမူနာအညွှန်းမျိုးစိတ်အဖြစ် အသုံးပြုဖို့ အဲဒီကို သွားခဲ့တာပါ” လို့ ပြောပါတယ်။

အဲဒီလို လေ့လာရင်းနဲ့ အစိမ်းရောင် အန်နာကွန်ဒါမြွေချင်းတူပေမဲ့ မျိုးဗီဇဟာ ၅ ဒသမ ၅ ရာခိုင်နှုန်း ကွဲလွဲတဲ့ သီးခြားမျိုးစိတ်သစ် ဖြစ်နေတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လူနဲ့ ချင်ပန်ဇီတွေတောင် မျိုးဗီဇ ၂ ရာခိုင်နှုန်းပဲ ကွဲပြားတာနဲ့ ယှဉ်ကြည့်ရင် အစိမ်းရောင် အန်နာကွန်ဒါမြွေအချင်းချင်း အသွင်အပြင် ဆင်ပြီး မျိုးဗီဇ ဒီလောက်ကွဲပြားနေတာဟာ အရမ်းအံ့အားသင့်စရာ ကောင်းတယ်လို့ ဖရိုင်းက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013