DVB Logo
Home
မြန်မာသတင်း
သတင်းထောက်အပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီတပ် ဝန်ခံ
DVB
·
March 1, 2024
သတင်းထောက်အပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီတပ် ဝန်ခံ
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြိုအခြေစိုက် ခမရ ၃၇၈  တပ်ရင်းမှာ ဖမ်းဆီးခံရတဲ့ သတင်းထောက် ဖိုးသီဟ (ခ) မြတ်သူထွန်း၊ ကျော်ဇံဝေ (ခ) ဖိုးလပြည့်တို့ အပါအဝင် ၇ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့  စစ်ကောင်စီတပ် အရာရှိတွေက  ဝန်ခံပြောဆိုလိုက်ပါတယ်။

သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တဲ့ ခမရ ၃၇၈ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုး၊ ဗိုလ်ကြီးအာကာမြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးတို့က  ဝန်ခံပြောဆိုထားတဲ့ ရုပ်သံဖိုင်ကို ရက္ခိုင့်တပ်တော် (အေအေ)က ဖေဖော်ဝါရီ ၂၉ ရက်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သူတို့ ၇ ယောက်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ အေအေက တိုက်ခိုက်လာချိန်မှာ သူတို့ကို ခမရ (၃၇၈) တပ်ရင်းထဲကို ပြောင်းရွှေ့ခဲ့တာပါ။

ဗဟိုကင်းအချုပ်ခန်းထဲမှာ ဖမ်းထားတဲ့ သူတို့ ၇ ယောက်ကို မျက်နှာပုဝါနဲ့စည်း၊ လက်ထိပ်ခတ်ပြီးနောက် ဒုတပ်ကြပ်သန်းအောင်နဲ့အဖွဲ့က ဆေးခန်းဝင်းအတွင်း သေနတ်နဲ့ ပစ်သတ်ပြီး မြေမြုပ်လိုက်တာလို့  စစ်တပ်ကအရာရှိတွေက ဝန်ခံထားပါတယ်။ သူတို့ ၇ ယောက်ကိုသတ်ဖြတ်ဖို့ ကိုယ်တိုင်အမိန့်ပေးခဲ့တဲ့ ခမရ  ၃၇၈ တပ်ရင်းရဲ့  ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုးကတော့ သူတို့ကို သေနတ်နဲ့ပစ်သတ်၊ မြေမြှုပ်ပြီးနောက် တပ်မမှူး မင်းမင်းထွန်းဆီကို ဗုံးစထိမှန်ပြီး သေဆုံးသွားတာဖြစ်ကြောင်း တင်ပြခဲ့တယ်လို့   ဝန်ခံထားပါတယ်။

သတင်းထောက် ဖိုးသီဟ (ခ) မြတ်သူထွန်းဟာ ဒီဗွီဘီအပါအဝင် ပြည်တွင်းက တခြားသတင်းဌာနတချို့မှာ လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး ၂ဝ၂၂ စက်တင်ဘာလက ဖမ်းဆီးခံခဲ့ရကာ မြောက်ဦးမြို့နယ်က အကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

ဒီနောက် သူ့ရုပ်အလောင်းကို တခြားအကျဉ်းသားအလောင်းတွေနဲ့အတူ မြောက်ဦးမြို့က ဗုံးခိုကျင်းတခုထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သတင်းထောက် ကိုမြတ်သူထွန်း သတ်ဖြတ်ခံရမှုအပေါ်  စုံစမ်းစစ်ဆေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ ဒီလိုသတ်ဖြတ်မှုတွေကို ဖိအားပေးဟန့်တားဖို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က နိုင်ငံတကာကို တောင်းဆိုထားပါတယ်။ 

Photo-AA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013