DVB Logo
Home
မြန်မာသတင်း
မကွေးလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ရေးယာဥ် ပျက်ကျပြီး လေယာဉ်မှူး ၁ ဦးဒဏ်ရာ
DVB
·
February 29, 2024
မကွေးလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ရေးယာဥ် ပျက်ကျပြီး လေယာဉ်မှူး ၁ ဦးဒဏ်ရာ
Donate to DVB

မကွေးလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ရေးလေယာဥ်တစီး ဖေဖော်ဝါရီ ၂၉ ရက်  မွန်းလွဲ  ၁၂ နာရီခွဲလောက်က  ပျက်ကျပြီး လေယာဥ်မှူး တယောက် ဒဏ်ရာရခဲ့တယ်လို့ လေတပ်နဲ့နီးစပ် သူတွေဆီက သိရပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီခွဲက လေတပ်မှ အရာရှိတယောက်နဲ့ စစ်သည်တယောက် မောင်းနှင်လာတဲ့ လေ့ကျင့်ရေးလေယာဥ်ဟာ စလင်းမြို့နဲ့ ပွင့်ဖြူမြို့နယ်ကြားမှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ လေတပ်နဲ့နီးစပ်သူက ပြောပါတယ်။

"ဖြစ်စဥ်ကမှန်ပါတယ်။ စက်ချို့ယွင့်းပြီး ပျက်ကျတာ၊ လေယာဥ်က မီးလောင်သွားတယ်။ လေတပ်က အရာရှိနဲ့တပ်ကြပ်ကြီးက လေထီးနဲ့ ခုန်ထွက်လို့လွတ်သွားတာ တဦးဒဏ်ရာရတယ် မစိုးရိမ်ရဘူးလို့ ကြားတယ်"လို့ ပြောပါတယ်။

လေယာဥ်ပျက်ကျတဲ့နေရာဟာ  စလင်းမြို့နယ်၊ လက်မဲကန်အနောက်ဘက် တည်သီးကန် ကွင်းအမှတ် ၅၈၅ ကြို့ဝန်းကြီးကျေးရွာအနီးမှာ ဖြစ်တယ်လို့ စစ်ကောင်စီ ဘက်က ပြောဆိုပါတယ်။

လေယာဥ်ပျက်ကျရာမှ လွတ်မြောက်လာတဲ့ အရာရှိနဲ့ တပ်ကြပ်ကြီးတို့ကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

"တပ်က လေယာဥ်ပျက်ကျတဲ့ဖြစ်စဥ်မှာပါတဲ့ နှစ်ယောက်ကို လာခေါ်သွားတယ် လေယာဥ်နဲ့ပဲလာခေါ်တာ ဘယ်ခေါ်သွားလဲတော့မသိဘူး။” 

မကွေးလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ရေးလေယာဥ်တွေကို အသုံးပြုကာ မကွေး၊ စလင်း၊ မင်းဘူး၊ ပွင့်ဖြူ တဝိုက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တည်နေရာ တွေကို နေ့စဥ်ရှာဖွေထောက်လှမ်းနေတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013