DVB Logo
Home
နိုင်ငံတကာ
ဂီနီနိုင်ငံတွင် ထိန်းသိမ်းခံ အလုပ်သမားသမဂ္ဂခေါင်းဆောင် ပြန်လွတ်လာပြီး သပိတ်ရပ်ဆိုင်း
DVB
·
February 29, 2024
ဂီနီနိုင်ငံတွင် ထိန်းသိမ်းခံ အလုပ်သမားသမဂ္ဂခေါင်းဆောင် ပြန်လွတ်လာပြီး သပိတ်ရပ်ဆိုင်း
Donate to DVB

ဂီနီနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ဆေခူ ဂျာမလ်န်ဒက်ဆာ ပြန်လွတ်မြောက်လာပြီးနောက်မှာ ဂီနီအလုပ်သမားသမဂ္ဂတွေဟာ အနောက်အာဖရိကနိုင်ငံနဲ့ သူ့ရဲ့ သတ္တုတူးဖော်ရေးကဏ္ဍကို တုန်လှုပ်သွားစေခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ သပိတ်ကို တနင်္လာနေ့ကတည်းက ဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ပါတယ်။ 

ပန်ဒက်ဆာကို ပြန်လွှတ်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှုရဲ့ ပုံရိပ်ကို ပြုပြင်ပြောင်းလဲဖို့ နည်းလမ်းတခု ဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေ ဆာလီဖှို ဘီဗိုဂွီ က ပြောပါတယ်။ 

တကယ်တမ်း ဘာအပြစ်မှမရှိဘဲ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပြီး အဲဒီထဲမှာ ၁ လနဲ့ အပိုရက် အနည်းငယ် ကျခံထားပြီးဖြစ်တာကြောင့် လွှတ်လိုက်တာလို့ ဆိုပါတယ်။ သူ့အတွက် ပြစ်မှုမှတ်တမ်း ကင်းရှင်းအောင် အယူခံဝင်သွားမယ်လို့လည်း ဆိုပါတယ်။ 

အလုပ်သမားသမဂ္ဂ အများအပြားအတွက် ထီးအဖွဲ့တစ်ခုဖြစ်တဲ့ ဂီနီကုန်သွယ်ရေးသမဂ္ဂ လှုပ်ရှားမှုကလည်း သူတို့ရဲ့ အဓိက တောင်းဆိုချက်တွေထဲက တခုဖြစ်တဲ့ ဖမ်းဆီးခံ သမဂ္ဂခေါင်းဆောင် ပန်ဒက်ဆာ ကို ဗုဒ္ဓဟူးနေ့မှာ ပြန်လွှတ်ပေးခဲ့တာကြောင့် သပိတ်ကို ဆိုင်းငံ့ထားတာဖြစ်ကြောင်း ထုတ်ပြန်ထားတာပါ။ 

သမဂ္ဂတွေဟာ ကျန်ရှိနေသေးတဲ့ မကျေနပ်ချက်တွေအတွက် အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ လမ်းဖွင့်ထားကြောင်းလည်း ဆိုပါတယ်။ အဲဒီထဲမှာ အစားအသောက် ဈေးနှုန်းတွေ လျှော့ချခြင်း၊ အင်တာနက် ကန့်သတ်ချက်တွေကို ရုပ်သိမ်းခြင်းနဲ့ နိုဝင်ဘာလမှာ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ လုပ်ခလစာ သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်းတွေ ပါဝင်ပါတယ်။ 

သပိတ်မှောက်မှုကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံး အလူမီနီယံရဲ့ ရွှံ့အရော ဘောက်ခ်ဇစ်ထ် သတ္တုရိုင်း ထုတ်လုပ်တဲ့ မိုင်းတွင်းအများအပြားမှာ လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားခဲ့ပါတယ်။ 

သပိတ်မှောက်မှုကြောင့် တရုတ်နိုင်ငံမှာ အလူမီနီယမ်ဈေး မြင့်တက်လာပေမဲ့ တရုတ်ရဲ့ ဘောက်ခ်ဇစ်ထ် အလူမီနီယံရိုင်းတွေကြောင့် သက်ရောက်မှုက အကန့်အသတ်ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013