DVB Logo
Home
နိုင်ငံတကာ
စွန့်ပစ်အမှိုက်ကြောင့် ၂၀၅၀ တွင် ပျက်စီးဆုံးရှုံးမှု ဘီလီယံရာနှင့်ချီရှိနိုင်ဟု UNEP သတိပေး
DVB
·
February 29, 2024
စွန့်ပစ်အမှိုက်ကြောင့် ၂၀၅၀ တွင် ပျက်စီးဆုံးရှုံးမှု ဘီလီယံရာနှင့်ချီရှိနိုင်ဟု UNEP သတိပေး
Donate to DVB

လူတွေက စွန့်ထုတ်လိုက်တဲ့ အမှိုက်တွေ စုပုံလာလို့ ၂၀၅၀ ပြည့်နှစ်မှာ ဇီဝမျိုးစုံမျိုးကွဲတွေ ဆုံးရှုံးတာ၊ ရာသီဥတု ဖောက်ပြန်တာနဲ့ သေစေနိုင်တဲ့အထိ ရေထု၊ လေထုညစ်ညမ်းတာတွေကြောင့် ဒေါ်လာ ဘီလီယံ ရာနဲ့ချီပြီး ပျက်စီးဆုံးရှုံးလိမ့်မယ်လို့ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ် (UNEP) က ဖေဖော်ဝါရီ ၂၈ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရေးတကြီး ဆောင်ရွက်မပေးရင် လက်ရှိ ထုတ်လုပ်မှုအဆင့်ကို စီမံခန့်ခွဲဖို့ ရုန်းကန်နေရတဲ့ အာရှနဲ့ ဆာဟာရအောက်ပိုင်း အာဖရိက အပါအဝင် အမြန်တိုးတက်နေတဲ့ စီးပွားရေးနိုင်ငံတွေမှာ ကမ္ဘာလုံးဆိုင်ရာ စွန့်ပစ်ပစ္စည်း စွန့်ထုတ်နေတာ အရှိန်အဟုန် မြင့်တက်လာမယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

သုတေသနပြုချက်အရ အမြန်တိုးတက်နေတဲ့ နိုင်ငံတွေမှာ စွန့်ပစ်ပစ္စည်းတွေကို မထိန်းချုပ်နိုင်လို့ ဗြောင်ကျကျ အမှိုက်ပုံတာ မီးရှို့တာတွေ လုပ်နေတဲ့အတွက် သိသိသာသာ ညစ်ညမ်းမှု အဖြေထွက်နေတယ်လို့ အစီရင်ခံစာကို ဦးဆောင်ရေးသားသူ ဇိုဝေ လန်ကီဝစ်ချ်က မီဒီယာတွေကို ပြောပါတယ်။

စွန့်ပစ်အမှိုက်တွေကြောင့် ဆုံးရှုံးမှုဟာ ၂၀၅၀ လောက်မှာ နှစ်စဉ် ကုန်ကျစရိတ် ဒေါ်လာ ၆၄၀ ဘီလီယံ ရှိမယ်လို့ UNEPက  ခန့်မှန်းထားပါတယ်။ တကမ္ဘာလုံးမှာ စက်မှုစွန့်ပစ်ပစ္စည်း မပါဝင်တဲ့ စည်ပင်အမှိုက်တန်ချိန် ၂ ဒသမ ၁ ဘီလီယံလောက် ထွက်ခဲ့တဲ့ ၂၀၂၀ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၇၅ ရာခိုင်နှုန်းကျော် တိုးလာတယ်လို့လည်း ခန့်မှန်းထားပါတယ်။ 

အမှိုက်စီမံခန့်ခွဲမှု တခုတည်းက ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပေမဲ့ တကမ္ဘာလုံးက တခါသုံး ပလတ်စတစ်နဲ့ ထုတ်လုပ်မှုကို လျှော့ချဖို့ အာရုံစိုက်သင့်တယ်လို့ UNEP အမှုဆောင်ဒါရိုက်တာ အင်ဂျာ အန်ဒါဆန်က ပြောပါတယ်။

Source/Photo-REUTERS/Ajeng Dinar Ulfiana

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013