DVB Logo
Home
မြန်မာသတင်း
စေတုတ္ထရာရှိ လုံးကြီးကျေးရွာလုံးကျွတ် မီးရှို့ခံရပြီး  ပြည်သူ ၄၅၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
DVB
·
February 29, 2024
စေတုတ္ထရာရှိ လုံးကြီးကျေးရွာလုံးကျွတ် မီးရှို့ခံရပြီး  ပြည်သူ ၄၅၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
Donate to DVB

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ လုံးကြီးကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ခဲ့လို့ ပြည်သူ ၄၅၀ ကျော် အိမ်ခြေရာမဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ကတည်းက စေတုတ္တရာမြို့ထဲက စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ လက်ပံကျင်းကျေးရွာက ပျူစောထီးတွေက လုံးကြီးရွာကို မီးရှို့ခဲ့တာဖြစ်ပါတယ်။

မီးရှို့ခံရမှုကြောင့် ဗမာနဲ့ ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့ အိမ်ခြေ ၁၁၀ ရှိတဲ့ လုံးကြီးကျေးရွာက အိမ်ခြေ ၁၀၃ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လုံးကြီးရွာခံ ပြည်သူ ၄၅၀ ကျော် မီးဘေးသင့်စစ်ဘေးရှောင်နေကြရပြီး စားရေးသောက်ရေး အခက်အခဲတွေလည်း ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းဘူးခရိုင် တပ်ရင်း ၃ တာဝန်ရှိသူတဦးက “အဲ့ဒီရွာအနီးနားတဝိုက်မှာ ကျနော်တို့နဲ့ ၄ နာရီကျော်တိုက်ပွဲဖြစ်ပါတယ်။ ကျနော်တို့ လက်နက်အင်အားမမျှလို့ နောက်ဆုတ်လိုက်တဲ့ အချိန်မှာ ရွာကိုဝင်ပြီး မီးရှို့တာပါဗျ။  ရွာကတော့ စေတုတ္တရာမြို့ထဲနဲ့ မိုင် ၄၀ လောက်ဝေးပါတယ်။ အိမ်ခြေက ၁၁၀ ရှိတာ ၁၀၃ အိမ်ပါသွားတော့ တရွာလုံးကျွတ်လို့ ပြောလို့ရတာပေါ့။ ဘုန်းကြီးကျောင်းရော စာသင်ကျောင်းရော၊ စစ်ဘေးရှောင်က ၄၅၀ ကျော်ပေါ့” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ အနီးအနားကျေးရွာမှာ နေထိုင်နေကြရပြီး နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လိုအပ်တာတွေစီစဉ်ပေးနေပေမဲ့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

လတ်တလောမှာတော့ စစ်ဘေးရှောင် ဒေသခံတွေကို တောတွေနဲ့ လုံခြုံစိတ်ချရမယ် ထင်တဲ့နေရာတွေမှာ  ဒေသခံ PDF တွေရဲ့ အကူအညီနဲ့ ယာယီနေထိုင်နေရပါတယ်။ စစ်ရှောင်တွေထဲမှာ အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေလည်း ပါနေတာကြောင့် စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ ဒေသခံ အမျိုးသမီးကြီးတယောက်က  ပြောပါတယ်။

လုံးကြီးရွာအပြင် ရွာထဲက အထက်တန်းကျောင်း နဲ့ NUG တည်ထောင်ထားတဲ့ကျောင်းတွေလည်း မီးထဲပါသွားပြီး ရွာထဲကစပါးကျီတွေပါ အကုန်ပြာကျခဲ့လို့  အကူအညီပေးလာမဲ့သူတွေ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

စေတုတ္တရာ ကပစ-၂၀ နဲ့ ခလရ ၂၅၃-၂၅၄ ၂၀၅ စစ်ကောင်စီတပ်တွေနဲ့  ပျူစောထီးတွေပူးပေါင်းပြီး ရွာတွေဘက်ကို စစ်ကျောင်းထိုးလာချိန် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့တွေ့ဆုံ တိုက်ပွဲဖြစ်ပြီးအပြန်ကို လုံးကြီးရွာကို မီးဝင်ရှို့သွားတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းဟာ  မုန်းချောင်းတဘက်ကမ်းမှာရှိတဲ့ လက်ပံကျင်းရွာကို စစ်ကြောင်း ပြန်ခေါက်သွားကာ အင်အားဖြည့်တင်းနေတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013