DVB Logo
Home
မြန်မာသတင်း
တမူးမြို့နယ်ရှိ  SNA စခန်းကို တော်လှန်ရေးတပ်များပူးပေါင်း တိုက်ခိုက်သိမ်းပိုက်
DVB
·
February 29, 2024
တမူးမြို့နယ်ရှိ  SNA စခန်းကို တော်လှန်ရေးတပ်များပူးပေါင်း တိုက်ခိုက်သိမ်းပိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်နဲ့ တမူးမြို့နယ်စပ်ကြား ကမ္ဘာလုံး‌စေတီတောင်ထိပ်မှာ တပ်စွဲနေတဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက နှစ်ရက်ဆက်တိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်က SNA တပ်သား အင်အား ၆၀ ဝန်းကျင် တပ်စွဲ‌နေတဲ့ ကမ္ဘာလုံးစေတီစခန်းကို ကူးကီးအမျိုးသားတပ်မတော် ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ပွဲအတွင်းကို စစ်ကောင်စီဘက်က Mi-2 ရဟတ်ယာဉ်နဲ့ ၂ ကြိမ် လာရောက်ပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း ရှမ်းနီအမျိုးသားတပ်မတော်ဘက်က ၄ ဦး ကျဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေနတ် ၅ လက်နက်နဲ့ လက်နက်ခဲယမ်းမျိုးစုံကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

တမူး PDF ဌာနချုပ် တာဝန်ခံက “ကျနော်တို့ ပူးပေါင်းတပ်ဘက်က အကျအဆုံး မရှိခဲ့ပါဘူး။ စခန်းကို သိမ်းနိုင်‌ပေမဲ့ ရန်သူဘက်က အကျအဆုံးနည်းတယ်။ ရှမ်းနီတပ်တွေ‌ဆိုတော့ သူတို့က တမူးနယ်ဘက်ကလည်း ပါတယ်၊ ဟုမ္မလင်းနယ်ဘက်ကလည်း ပါတယ်လေ။ နယ်မြေခံတွေဆိုတော့ နယ်ကျွမ်းတော့‌ ထွက်ပြေးနိုင်ကြတဲ့ အနေအထားပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တမူးမြို့အထက်ပိုင်း တမူး-ဟုမ္မလင်းလမ်းပိုင်းမှာ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။

ရှမ်းနီအမျိုးသားတော်မတော် (SNA) ဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းထားတယ်လို့ တရားဝင် ပြောဆိုထားတာ မရှိပေမဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့တော့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီကလည်း လာရောက်ကူညီ တိုက်ခိုက်တာတွေ ရှိနေပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်ကလည်း တမူး-ဟုမ္မလင်းလမ်းပိုင်းက ဦးအောင်ဇေယျ စစ်ကောင်စီစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဘက်က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

ဓာတ်ပုံ-အမှတ် ၁စစ်ဒေသ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013