
တပ်မတော်က ငှားရမ်းခဲ့တဲ့ ဗိုလ်တထောင်မြို့နယ်က မြေတွေပေါ်မှာ ပုဂ္ဂလိက ကုမ္ပဏီတွေက အိမ်ရာ ဆောက်လုပ်နေပြီး အခုအချိန်ထိ လျော်ကြေးမရတဲ့အပေါ် မူလ မြေပိုင်ရှင်တွေက ဒီနေ့ နေ့လယ် သတင်းစာရှင်းလင်းပွဲပြုလုပ်မှာ ဖြစ်ပါတယ်။
[caption id="attachment_64078" align="alignright" width="300"]
သတင်းဓာတ်ပုံ - ပိုင်စိုး[/caption]
မူလမြေပိုင်ရှင်တွေ ကို လျော်ကြေးပေးဖို့ အစိုးရက ညွှန်ကြားထားပေမယ့် အခုအချိန်အထိ မရသေးလို့ လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့မှာလည်း ၁၄ ကြိမ်မြောက် ဆန္ဒဖော်ထုတ်မယ်လို့ ဦးဆောင်သူ ဦးမြင့်အောင် က ပြောပါတယ်။
ဒီမြေတွေကို ဗမာ့တပ်မတော် ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေအဖြစ် ၁၉၅၂ ခုနှစ်က စပြီး မူလ မြေပိုင်ရှင်တွေဆီက ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။











