DVB Logo
Home
Lead Story
မညီညွတ်တာ မဟုတ်ဘူး၊ ဒူးတိုက် နဖူးတိုက် ဆွေးနွေးတာ - ဒုဗိုလ်ချုပ်ကြီး အင်ဘန်လ
DVB
·
September 3, 2014
မညီညွတ်တာ မဟုတ်ဘူး၊ ဒူးတိုက် နဖူးတိုက် ဆွေးနွေးတာ - ဒုဗိုလ်ချုပ်ကြီး အင်ဘန်လ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကွန်ဂရက်ကနေ ထွက်ခွာသွားသလို ယူအန်အက်ဖ်စီ အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့လိုက်ပေမယ့် ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေဟာ ထိပ်တန်းတာဝန်ရှိ နေရာ ၂ နေရာကို ကရင်အမျိုးသားအစည်းအရုံးအတွက် လျာထားချန်လှပ်ခဲ့ကြပါတယ်။

[caption id="attachment_64068" align="alignright" width="300"]anbarla copy ဒုဗိုလ်ချုပ်ကြီး အင်ဘန်လ[/caption]

ကွန်ဂရက်ကို သြဂုတ်လ ၂၅ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့ ည ၉ နာရီထိ  ၇ ရက်ကြာ ကျင်းပပြီးမှ အဆုံးသတ်ခဲ့ တာဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒ ရယ်ကောင်စီရဲ့ ပထမအကြိမ် ညီလာခံကနေ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်တဲ့အထိ ကြိုးပမ်းသွားမယ်လို့ ဆုံးဖြတ်ကြေညာလိုက်ပါတယ်။

၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်သက်တမ်းအတွက် ညီလာခံကနေ ဖက်ဒရယ်ကောင်စီဝင် ၄၂ ဦးကို ရွေးချယ်ခဲ့သလို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၂ ဦးကို ထပ်မံရွေးချယ်ခဲ့ပါတယ်။

ဒီကွန်ဂရက်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ယူအန်အက်ဖ်စီဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်အပါအ၀င် တခြားသတင်းဌာနတွေက သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ရှင်းလင်းခဲ့ပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013