DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အလုပ်သမားကတ်လုပ်ရန် ၀င်လာသည့် မြန်မာ ၂၄ ဦး ဖမ်းမိ
DVB
·
September 3, 2014
ထိုင်းတွင် အလုပ်သမားကတ်လုပ်ရန် ၀င်လာသည့် မြန်မာ ၂၄ ဦး ဖမ်းမိ
1 / 2
Donate to DVB

ထိုင်းနိုင်ငံအနောက်ပိုင်း ရပ်ခ်ျဘူရီခရိုင် ဆွန်ဖိန့်မြို့နယ်ထဲမှာ မြန်မာနိုင်ငံ တနင်္သာရီတိုင်း မြိတ်မြို့နယ်ဘက်ကနေ အလုပ်သမားကတ်လာလုပ်ဖို့  တရားမ၀င် ၀င်ရောက်လာသူ ၂၄ ဦးကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

[caption id="attachment_64063" align="alignright" width="300"]557000010402701 ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ - manager.co.th)[/caption]

နယ်မြေထဲမှာ တရားမ၀င် ၀င်ရောက်လာသူတွေ ရှိကြောင်း သတင်းပေးချက်အရ သူတို့တတွေကို စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းအချိန် ဆွန်ဖိန့်မြို့နယ် တကိုလန်ရွာက ပျဉ်ထောင်အိမ်ဟောင်းတလုံးထဲမှာ သွားဖမ်းခဲ့တာလို့ ဆွန်ဖိန့်မြို့မရဲစခန်းရဲ့ စခန်းမှူး အုဒုမ်း မိုင်ဆဒ်ဆီက သတင်းထောက်တွေကို ပြောပါတယ်။

557000010402702စစ်ဆေးမေးမြန်းချက်တွေ အရ သူတို့တတွေဟာ ရပ်ခ်ျဘူရီခရိုင်ထဲမှာ သြဂုတ်လ ၄ ရက်ကနေ စက်တင်ဘာလ ၂ ရက်နေ့အထိ အလုပ်သမားမှတ်ပုံ တင်လုပ်ပေးနေကြောင်း သတင်းရရှိတဲ့အတွက် ပွဲစားနဲ့ လက်မှတ်လုပ်ဖို့ ၀င်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ ၂၄ ဦးမှာ အမျိုးသား ၁၅ ဦး နဲ့ အမျိုးသမီး ၉ ဦးတို့ဖြစ်ကြပြီး အသက် ၁၉ နှစ်ကနေ ၃၇ နှစ်ထိရှိကြောင်း သူတို့ကို တရားမ၀င်ဝင်ရောက်လာမှုနဲ့ အရေးယူဖို့ ဆွန်ဖိန့်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ စခန်းမှူးရဲ့အပြောကို ကိုးကားပြီး မန်နေဂျာ အွန်လိုင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013