DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ်ရှရှစ်ဖ်၏ သမီး ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာ
DVB
·
February 27, 2024
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ်ရှရှစ်ဖ်၏ သမီး ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာ
Donate to DVB

ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် သုံးကြိမ် တာဝန်ယူခဲ့ဖူးတဲ့ နာဝပ်ဇ်ရှရစ်ဖ်ရဲ့ သမီးဖြစ်သူ မာယမ်နာဝပ်ဇ်ရှရစ်ဖ်ဟာ နိုင်ငံတွင်း အကြီးဆုံးပြည်နယ်ဖြစ်တဲ့ ပန်ဂျပ်ပြည်နယ်ရဲ့ အကြီးအကဲ ဝန်ကြီးချုပ်အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်မှာ ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။

ဒါဟာ ပန်ဂျပ်ပြည်နယ်နဲ့ ပါကစ္စတန် တနိုင်ငံလုံး အတိုင်းအတာမှာ နာဝပ်ဇ်အုပ်စုရဲ့ ဩဇာလွှမ်းမိုးမှုကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ဖခင် နာဝပ်ဇ်ရှရစ် ကိုယ်တိုင်ကရော၊ ဦးလေးဖြစ်သူ ရှာဘက်ဇ်ရှရစ်ဖ်ရော၊ ရှာဘတ်ဇ်ရဲ့ သားဖြစ်သူပါ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူးတာဝန်ကို အစဉ်အဆက် ယူခဲ့ဖူးပါတယ်။

လက်ရှိမှာလည်း ရှာဘက်ဇ်ရှရစ်ဖ်ဟာ မကြာမီမှာလည်း ဝန်ကြီးချုပ်အဖြစ် နောက်တကြိမ် ရွေးကောက်တင်မြှောက်ခံရဖို့ ရှိနေပါတယ်။

ဖခင်ရဲ့ နိုင်ငံရေးအမွေ ဆက်ခံသူလို့ သတ်မှတ်ခံရတဲ့ အသက် ၅၀ အရွယ် မာယမ်ဟာ ပန်ဂျပ်ရဲ့ ပထမဆုံး အမျိုးသမီး ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်နေရာအထိ မလှမ်းတက်ခင် အတွေ့အကြုံယူတဲ့နေရာလို့ သတ်မှတ်ကြတဲ့ ရာထူးနေရာလည်း ဖြစ်ပါတယ်။

လွတ်လပ်ရေးယူစဉ်မှာ နှစ်နိုင်ငံကွဲသွားခဲ့သလို ပန်ဂျပ်ဒေသလည်း နှစ်ပိုင်းကွဲသွားတဲ့အတွက် အိန္ဒိယနိုင်ငံမှာရော ပါကစ္စတန်နိုင်ငံမှာ ပန်ဂျပ်ပြည်နယ်တွေ သီးခြားစီ ရှိနေပါတယ်။

ပြည်နယ်လွှတ်တော်အမတ် ၃၇၁ ဦး ရှိတဲ့အနက် ၂၂၀ က မာယမ်ကို ထောက်ခံခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ရွေးကောက်ပွဲကို ထောင်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းဘက်က ရပ်တည်တဲ့ အတိုက်အခံ ဆွန်နီအီတီဟက်ဒ်ကောင်စီ ပါတီက သပိတ်မှောက်ထားပါတယ်။

Source/Photo-REUTERS/Akhtar Soomro

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013