DVB Logo
Home
နိုင်ငံတကာ
ရုရှားစစ်တပ်က နွေရာသီတွင် နောက်ထပ် ထိုးစစ်ဆင်နိုင်ဟု ယူကရိန်း သမ္မတပြော
DVB
·
February 26, 2024
ရုရှားစစ်တပ်က နွေရာသီတွင် နောက်ထပ် ထိုးစစ်ဆင်နိုင်ဟု ယူကရိန်း သမ္မတပြော
Donate to DVB

ရုရှားစစ်တပ်ဟာ ယူကရိန်းနိုင်ငံအတွင်း မေလကုန်ပိုင်း ဒါမှမဟုတ် နွေရာသီမှာ နောက်ထပ် ထိုးစစ်ဆင်နိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

သမ္မတဇလန်းစကီးက“သူတို့ရဲ့ ထိုးစစ်အတွက် ကျနော်တို့ ပြင်ဆင်ထားမယ်။ အောက်တိုဘာ ၈ ရက်မှာစတဲ့ သူတို့ ထိုးစစ်က ဘာရလဒ်မှ မရှိခဲ့ဘူးလို့ ကျနော်ထင်တယ်”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ယူကရိန်းစစ်တပ်ကို အကြီးအကျယ် လှုပ်ခတ်ခဲ့တဲ့ စစ်တပ်အကြီးအကဲကို ဒီလအစောပိုင်းမှာ အစားထိုး ခန့်အပ်မှုဟာ စစ်မြေပြင်မှာ အရေးယူဆောင်ရွက်ချက် စီမံကိန်းအသစ်နဲ့ ပတ်သက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အစီအစဉ်အသစ်မှာ ဘာတွေပါလဲဆိုတာ ရှင်းပြဖို့ကိုတော့ ငြင်းရင်း သူ့မှာ အဲဒီ အခွင့်အရေး မရှိနေဘူးလို့ ပြောပါတယ်။

စစ်ရေးနဲ့ ဘဏ္ဍာရေး အကြီးစား အကူအညီအသစ်​တွေကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုပေးဖို့ မျှော်လင့်တယ် ယူကရိန်းဟာ ဆုံးဖြတ်ချက်ကို တလအတွင်း ချဖို့ လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်တပ်တွေကို အလှည့်ကျစနစ်နဲ့ တာဝန်ချဖို့က စစ်ပွဲအတွက် အသည်းအသန် အရေးကြီးနေပြီး ယူကရိန်းက အရန်တပ်တွေကို ပိုကောင်းကောင်း ပြင်ဆင်ဖို့ လိုတယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ရုရှားရဲ့  ၂ နှစ်ကြာ အင်တိုက်အားတိုက် ကျူးကျော်စစ်အတွင်း ယူကရိန်းစစ်သည် ၃၁၀၀၀  ကျဆုံးခဲ့တယ်လို့လည်း ဇလန်းစကီးက ထုတ်ပြောလိုက်ပါတယ်။

ဒါဟာ တနှစ်ကျော်ကာလ အတွင်း ပထမဆုံး တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းဖြစ်ပြီး ဒဏ်ရာရသူ အရေအတွက်ကိုတော့ ရုရှားစစ်ရေး ပြင်ဆင်မှုအတွက် အထောက်အကူ ဖြစ်မှာစိုးလို့ ထုတ်မပြောဘူးလို့ ဇလန်းစကီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ယူကရိန်းဟာ ၂၀၂၂ နှစ်ကုန်ပိုင်းကတည်းက စစ်ဘက် အဆုံးအရှုံးတွေကို ထုတ်မပြောခဲ့သလို ရုရှားကလည်း စစ်ဘက် အဆုံးအရှုံးတွေကို လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ပြီး ထုတ်မပြောသေးပါဘူး။ 

၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျူးကျော်စစ် စကတည်းက ယူကရိန်း စစ်သည် ၁၃၀၀၀  ကျဆုံးခဲ့တယ်လို့ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ သမ္မတရုံး လက်ထောက် မိုင်ခေးလို ပိုဒိုလျက်ခ်က ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013