DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ကျောင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးနေ
DVB
·
February 26, 2024
တက္ကသိုလ်ကျောင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးနေ
Donate to DVB

မြန်မာနိုင်ငံတဝန်း၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ တက္ကသိုလ်တက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကို တက္ကသိုလ်လေ့ကျင့်ရေးတပ် ၇ ခုက စစ်သင်တန်းပေးနေတယ်လို့ လေ့ကျင့်ရေးတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပုသိမ်တက္ကသိုလ်မှာ ဖေဖော်ဝါရီ ၅ ရက်က  ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ညောင်တုန်း၊ ကျောင်းကုန်း၊ ကျုံပျော်နဲ့ ဓနုဖြူမြို့နယ်တွေမှာ ပြီးခဲ့တဲ့လတွေ စစ်ကောင်စီက နယ်မြေခံ တပ်ရင်းတွေမှာ အခြေခံစစ်သင်တန်း ဖွင့်လှစ်သင်ကြားပေးနေတာ ဖြစ်ပြီး  မကြာခင်သင်တန်းဆင်းတော့မှာဖြစ်တယ်လို့ ကျောင်းသားတဦးက ပြောပါတယ်။

"သင်တန်းမှာ တပ်မှူးက  ဗိုလ်ကြီး၊ ရန်ကုန်ကနေ သင်တန်းလာပေးတာ။ သင်တန်းမဆင်းသေးဘူး။ သင်တန်းကတလနဲ့ ၅ ရက်ကြာတယ်။ သင်တန်းဆင်းပြီး စစ်မှုထမ်းရမရဆိုတာ မသိသေးဘူး။”

နိုင်ငံအရေးပေါ်အခြေအနေနဲ့ ကြုံလာပါက စစ်မှုထမ်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို ဖေဖော်ဝါရီလမှ စတင်ကာ စစ်သင်တန်းပေးနေတာလို့ လေ့ကျင့်ရေးတပ်နဲ့နီးစပ်တဦးက ပြောပါတယ်။

"သင်တန်းက တက္ကသိုလ်တွေမှာ အကုန်ပေးမှာ သင်တန်းပြီးလို့ စစ်မှုထမ်းချင်တဲ့သူရှိရင် စစ်မှုထမ်းလို့ရတယ်။ လက်ရှိ ပုသိမ်မှာ သင်တန်းပေးနေတယ်။ ရန်ကုန်လေ့ကျင့်ရေးတပ်က လာပေးတာ။”

သင်တန်းကို ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးက ဦးဆောင်ကာ  တက္ကသိုလ်များလေ့ကျင့်ရေးတပ်မှ အရာရှိတွေက သင်ကြားပေးတာဖြစ်ပါတယ်။

တက္ကသိုလ်လေ့ကျင့်ရေးတပ်က ပြုလုပ်တဲ့စစ်အခြေခံလေ့ကျင့်ရေးသင်တန်းတွေကို မတက်လိုသူတွေအနေနဲ့ ငွေကြေးသိန်း ဆယ်ချီကာ ပေးရတယ်လို့ ပုသိမ်တက္ကသိုလ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“တချို့ပိုက်ဆံရှိတဲ့မိဘတွေက စစ်သင်တန်းမပို့ဘူး။ တပ်ကို ပိုက်ဆံပေးပြီး စာရင်းကနေ ဖယ်ခိုင်းတာမျိုးရှိတယ်။ တချို့မိဘတွေကျတော့ ကျောင်းပါ အပြီးထုတ်ပြီး နိုင်ငံခြား လွှတ်လိုက်တာမျိုး ရှိတယ်။  ကျောင်းသားတိုင်း စစ်သင်တန်းမတက်ပါဘူး။”

စစ်ကောင်စီက ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေကို အမှတ် ၁ တက္ကသိုလ်လေ့ကျင့်ရေးတပ် (ရန်ကုန်)၊ အမှတ် ၂ တက္ကသိုလ် လေ့ကျင့်ရေးတပ်(မန္တလေး)၊ အမှတ် ၃ တက္ကသိုလ်လေ့ကျင့်ရေးတပ် (မော်လမြိုင်)၊ အမှတ် ၄ တက္ကသိုလ်လေ့ကျင့်ရေးတပ် (တောင်ကြီး)၊ အမှတ် ၅ တက္ကသိုလ်လေ့ကျင့်ရေးတပ် (နေပြည်တော်)၊ အမှတ် ၆ တက္ကသိုလ် လေ့ကျင့်ရေးတပ် (တောင်ငူ)နဲ့ အမှတ် ၇ တက္ကသိုလ် လေ့ကျင့်ရေးတပ်(ပုသိမ်)တွေမှာ သင်တန်းပေးမှာလို့ ပညာအသိုက်အဝန်းကနေ သိရပါတယ်။

စစ်တပ်က အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ အမှတ် ၅ တက္ကသိုလ်လေ့ကျင့်ရေးတပ် (နေပြည်တော်)မှာ နောက်ဆုံး စစ်သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013