DVB Logo
Home
မြန်မာသတင်း
မြန်မာအပါအ၀င် ၃ နိုင်ငံကို အမေရိကန်ကုမ္ပဏီများ စိတ်အ၀င်စားဆုံးဟု စစ်တမ်းထုတ်
DVB
·
September 2, 2014
မြန်မာအပါအ၀င် ၃ နိုင်ငံကို အမေရိကန်ကုမ္ပဏီများ စိတ်အ၀င်စားဆုံးဟု စစ်တမ်းထုတ်
Donate to DVB

အာဆီယံဒေသတွင်းမှာ မြန်မာ၊  အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ စိန်ခေါ်မှုတွေ များပေမယ့် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့လုပ်ငန်းတွေကို အနာဂတ်မှာ တိုးချဲ့ လုပ်ကိုင်ဖို့ အလိုလားဆုံးဖြစ်တယ်လို့ လတ်တလော ကောက်ခံတဲ့ ဒေသစစ်တမ်းမှာ တွေ့ရပါတယ်။

A Buddhist monk walks past the City Hall in downtown Yangonစင်ကာပူအခြေစိုက် အမေရိကန် ကုန်သည်ကြီးများ အသင်းနဲ့ အမေရိကန် ကုန်သည်ကြီးများ အသင်းက လုပ်ဆောင်တဲ့ အာရှစီးပွားရေး စစ်တမ်းရှုမြင်ချက် ၂၀၁၅ မှာ ဖော်ပြထားတာလို့ ထိုင်းနိုင်ငံထုတ် သည်နေ ရှင်းသတင်း မှာ ဖော်ပြပါတယ်။

အရင်နှစ် စစ်တမ်းအရ အာရှမှာ တတိယအဆင့် နေချင်စရာ အကောင်းဆုံးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကိုတော့ သဘောမကျစရာ အချက်တွေ ထုတ်ဖော်ရေးသားထားပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရနဲ့ နိုင်ငံရေးအခြေအနေတွေ တည်ငြိမ်မှု မရှိပဲ အကျင့်ပျက် လာဘ်စားမှုကလည်း အကြီးဆုံး အခက်အခဲလို့ ဆိုပါတယ်။ နောက်ပြီး  အနည်းဆုံး လုပ်ခတွေကိုလည်း တိုးမြင့်ခိုင်းတာတွေကြောင့် အလုပ်လုပ်ကိုင်ရာမှာ ကျေနပ်အားရမှု သိပ်မရှိတော့ဘူးလို့ အဲဒီစစ်တမ်းမှာ ပါဝင်ပါတယ်။

မြန်မာနိုင်ငံကတော့ လုပ်သားအင်အား ပေါများပြီး အမေရိကန်နိုင်ငံသားတွေအပေါ် အကောင်းမြင်စိတ်နဲ့အတူ ပုဂ္ဂလိက ဘေးကင်းလုံခြုံမှုတွေ ရှိတယ် လို့ ဆိုပါတယ်။

ဒါပေမယ့် ကျေနပ်စရာ မကောင်းအချက်တွေကတော့  အိမ်စရိတ်ကြီးမြင့်တာ၊ အခြေခံအဆောက်အဦတွေ မကောင်းတာ၊ ကျွမ်းကျင်လုပ်သားမရှိတာနဲ့  ရုံးခန်းငှားခ တွေပဲ ဖြစ်တယ်လို့ စစ်တမ်းမှာ ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013