DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် ‘ဒဏ်ရာရကလေးငယ်၊ ကျန်ရစ်သူမိသားစုမရှိ (WCNSF)’ ဆိုသည့် ဝေါဟာရသစ် ပေါ်ထွက်
DVB
·
February 23, 2024
ဂါဇာတွင် ‘ဒဏ်ရာရကလေးငယ်၊ ကျန်ရစ်သူမိသားစုမရှိ (WCNSF)’ ဆိုသည့် ဝေါဟာရသစ် ပေါ်ထွက်
Donate to DVB

ဂါဇာကမ်းမြောင်က ဆေးအဖွဲ့တွေကြားမှာ WCNSF ဆိုတဲ့ အတိုကောက်ဝေါဟာရသစ် ပေါ်ပေါက်လာခဲ့ပြီး ဒဏ်ရာရကလေးငယ်၊ ကျန်ရစ်သူမိသားစုမရှိ (wounded child, no surviving family) လို့ အဓိပ္ပာယ်ရကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဖေဖော်ဝါရီ ၂၂ ရက်က တင်ပြခဲ့ပါတယ်။

MSF ရဲ့ အပြည်ပြည်ဆိုင်ရာ အတွင်းရေးမှူးချုပ် ခရစ္စတိုဖာ လော့ခ်ရီးယားက “ဒီစစ်ပွဲမှာ ရှင်ကျန်ခဲ့တဲ့ ကလေးတွေဟာ မြင်သာတဲ့ စိတ်ဒဏ်ရာတွေ ရရုံသာမကဘူး၊ မမြင်နိုင်တဲ့ ဒဏ်ရာတွေပါ ရှိကျန်ခဲ့ပါတယ်” လို့ အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီမှာ တင်ပြပါတယ်။

“ထပ်တလဲလဲ နေရာရွှေ့ရတယ်၊ တချိန်လုံး ကြောက်နေရတယ်၊ မိသားစုဝင်တွေ ကိုယ့်မျက်စိရှေ့မှာတင် တစစီဖြစ်သွားတာ မြင်ခဲ့ကြရတယ်။ ဒီ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကြောင့် ငါးနှစ်လောက်ပဲရှိသေးတဲ့ ကလေးတွေတောင် သေချင်တယ်လို့ ကျနော်တို့ကိုပြောတာ ကြုံခဲ့ရတယ်” လို့ MSF အကြီးအကဲက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက အပစ်အခတ်ရပ်စဲရေးကို သုံးကြိမ်တိုင်တိုင် ထပ်တလဲလဲ ဗီတိုအာဏာသုံးပြီး တားမြစ်တာကို အံ့အားသင့်ခဲ့ရတယ်လို့လည်း ဝေဖန်ပါတယ်။

“ဂါဇာက ပြည်သူတွေဟာ အပစ်အခတ်ရပ်စဲရေး လိုအပ်ပါတယ်။ အဆင်ပြေတော့မှ မဟုတ်ဘူး၊ အခုကိုလိုအပ်တာ။ သူတို့ဟာ ယာယီငြိမ်သက်တာမျိုးမဟုတ်ဘဲ ရေရှည်အပစ်အခတ်ရပ်စဲတာမျိုး လိုအပ်တာ” လို့ လော့ခ်ရီးယားက ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013