DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၇ သန်းခန့်ရှိလာ
DVB
·
February 22, 2024
မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၇ သန်းခန့်ရှိလာ
Donate to DVB

ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာ သူဦးရေဟာ ၂ ဒသမ ၇ သန်းနီးပါး ရှိလာပြီဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။

ဒီကိန်းဂဏန်းအချက်အလက်တွေဟာ အခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်အထိ ရရှိထားတဲ့ စာရင်းတွေအရ ဖော်ပြထားတာဖြစ်ကာ အဲဒီအထဲကမှ လူဦးရေ ၂ ဒသမ ၄ သန်းနီးပါး ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ဆိုးရွားလာတဲ့ အခြေအနေတွေနဲ့အတူ နိုင်ငံအနှံ့အပြားမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေသလို ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ် ချက်တွေ တိုးလာနေပေမဲ့ ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ အပစ်အခတ်ရပ်စဲထားတာကြောင့် ၂၀၂၃ နှစ်ကုန်ပိုင်းမှာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူအများစုဟာ နေရပ်ကို ပြန်နိုင်ခဲ့ကြပေမဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်း တိုက်ပွဲတွေပြင်းထန်လာကတည်းက ထွက်ပြေးခဲ့ရတဲ့ အိုး အိမ်စွန့်ခွာရသူ ၂၃,၀၀၀ နီးပါးဟာ မြို့နယ် ၁၅ မြို့နယ်အတွင်း နေရာ ၁၄၁ ခုမှာ ရှိနေ ကြဆဲဖြစ်တယ်လို့ UNOCHA Myanmar က ပြောပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ လက်နက် ကိုင်တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပါအဝင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေသလို အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေ ဖြစ်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ကာလဟာ ၃ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေ နဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေ အသီးသီးမှာ အဘက် ဘက်က ကျဆင်းယိုယွင်းနေခဲ့တာပါ။

ဒါပေမဲ့ စစ်အုပ်စုက အရေးပေါ်ကာလ သက်တမ်းထပ်တိုးလိုက်ပြီး ဒီအခြေအနေအပေါ် ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေက ပြင်းထန်စွာ စိုးရိမ်ပူပန်မိတယ်လို့ အသီးသီး ထုတ်ပြန်ထားကြပါတယ်။

စစ်အုပ်စုက အရေးပေါ်အခြေအနေ ကြေညာထားတာကြောင့် ရွေးကောက်ပွဲတွေ ကြန့်ကြာနေနိုင်တာကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုဆီ အမြန်ဆုံး ပြန်လည် ရောက်ရှိလာစေဖို့လည်း ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013