DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် - အာဖဂန် နယ်စပ်တွင် ဆန္ဒပြအလုပ်သမားများ မျက်ရည်ယိုဗုံးဖြင့် ပစ်ခံရ
DVB
·
February 21, 2024
ပါကစ္စတန် - အာဖဂန် နယ်စပ်တွင် ဆန္ဒပြအလုပ်သမားများ မျက်ရည်ယိုဗုံးဖြင့် ပစ်ခံရ
Donate to DVB

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံနယ်စပ်ကြားက ချာမန်နယ်စပ်မှာ ဖေဖော်ဝါရီ ၂၀ ရက်က ဆန္ဒပြနေတဲ့ ရာနဲ့ချီတဲ့ အလုပ်သမားတွေကို နယ်စပ်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ထောင်ချီတဲ့ ဆန္ဒပြသူတွေဟာ ရှာမန်-စပိန်ဘိုဒတ် နယ်စပ်စခန်းနားမှာ အောက်တိုဘာလကတည်းက ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြပြီး ထိုင်သပိတ်တွေနဲ့ လမ်းပိတ်ဆို့တာတွေ လုပ်ခဲ့ကြပါတယ်။

ဖြတ်သန်းသွားလာသူတိုင်း ခရီးသွားလာခွင့်အတွက် တရားဝင်ပတ်စ်ပို့ရှိဖို့ မဖြစ်မနေ လိုအပ်တဲ့ ပါကစ္စတန်အစိုးရရဲ့ လိုအပ်ချက်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြတာပါ။

ချာမန်ဟာ ပါကစ္စတန်နိုင်ငံနဲ့ ကုန်းတွင်းပိတ် အာဖဂန်နစ္စတန်နိုင်ငံတို့ကြား ခရီးသွားတွေနဲ့ ကုန်ပစ္စည်းတွေအတွက် ဒုတိယအရေးကြီးဆုံး နယ်စပ်ဖြတ်ကျော်ရေးစခန်း ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013