DVB Logo
Home
မြန်မာသတင်း
ရှားတောတွင် အရပ်သား ၇ ဦးအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်သား  ၂ ဦးကို ဖမ်းမိ
DVB
·
February 21, 2024
ရှားတောတွင် အရပ်သား ၇ ဦးအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်သား  ၂ ဦးကို ဖမ်းမိ
Donate to DVB

ကရင်နီပြည်နယ်၊ ရှားတောမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေအပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ရာမှာ ပါဝင်တဲ့  စစ်ကောင်စီ တပ်သား ၂ ယောက်ကို  ဖမ်းဆီးရမိထားပြီး တရားစီရင်နိုင်ဖို့ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို လွှဲပြောင်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။ 

ရှားတောမြို့နယ်မှာ မသန်စွမ်းသူ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေအပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ မိုင်းပြင်းအခြေစိုက် ခမရ ၂၄၉ က တပ်သားနဲ့ သုံးပွင့် ဗိုလ်ကြီးတို့ တို့ကို ဖေဖော်ဝါရီ ၁၂ ရက်က ရှားတောမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့မှုအတွင်း ကရင်နီတပ်ပေါင်းစုက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအနေနဲ့ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို မေးမြန်းစုံစမ်းမှုတွေ လုပ်ဆောင်နေပြီး စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရတဲ့ စစ်ကောင်စီတပ်သားတွေကို တရားစီရင်နိုင်ရေး ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီကို လွှဲပြောင်းသွားမယ်လို့ KNDF (ဗဟို) သတင်းနှင့် ပြန်ကြားရေးဌာနရဲ့ ပြောဆိုခွင့်ရှိသူ စောသာအယ်စိုးက ပြောပါတယ်။

ရှားတောမြို့ မြောက်ပိုင်းတနေရာကို ရဟတ်ယာဉ် ၃ စီးနဲ့ ဆင်းသက်ရောက်ရှိလာတဲ့ မိုင်းပြင်းအခြေစိုက် ခမရ-၂၄၉ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ပါ စစ်ကြောင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး၊ မသန်စွမ်းသူ အမျိုးသမီး ၂ ဦး၊ အသက် ၃ နှစ်၊ ၅ နှစ်နဲ့ ၇ နှစ်အရွယ် ကလေး ၃ ဦး၊ အမျိုးသားတဦး စုစုပေါင်း ၇ ဦးကို လမ်းပြအဖြစ် ဖမ်းဆီးသွားခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သတ်ဖြတ်ခဲ့တာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်အတွင်း စစ်ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေး ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အနေနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ IEC ရဲ့ အတွင်းရေးမှူး (၁) မဇူးပဒုမ္မာက ပြောပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို စတင်ဖွဲ့စည်းခဲ့တာ သက်တမ်း ၇ လကျော်ရှိပြီဖြစ်ပြီး IEC အနေနဲ့ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်။

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာမှာ တရားစွဲ နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။ 

ဖူးအိအိနွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013