DVB Logo
Home
နိုင်ငံတကာ
ဆန္ဒပြ ပိုလန်လယ်သမားများက ယူကရိန်းနယ်စပ်ကို ပိတ်ဆို့
DVB
·
February 21, 2024
ဆန္ဒပြ ပိုလန်လယ်သမားများက ယူကရိန်းနယ်စပ်ကို ပိတ်ဆို့
Donate to DVB

ဆန္ဒပြနေတဲ့ ပိုလန်လယ်သမားတွေဟာ ယူကရိန်းနယ်စပ်ကို ပိတ်ဆို့ထားပြီး ရထားတွဲတတွဲပေါ် ပါလာတဲ့ ယူကရိန်း ကောက်ပဲသီးနှံတွေကို မှောက်ချခဲ့တဲ့ ဗီဒီယိုင်ဖိုင် ပေါ်ထွက်လာခဲ့အပြီးမှာ နှစ်နိုင်ငံအကြား တင်းမာမှုတွေ ရှိလာခဲ့ပါတယ်။

စျေးသက်သာတဲ့ ယူကရိန်းသီးနှံတွေ စျေးကွက်ထဲ ဝင်ရောက်လာတာနဲ့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာသုံးစွဲမှုနဲ့ ပတ်သက်တဲ့ အီးယူစည်းမျဉ်းတွေကို မကျေနပ်တဲ့ ပိုလန်လယ်သမားတွေက ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ရုရှားကျူးကျော်မှုကြောင့် ဒုက္ခရောက်နေတဲ့ ယူကရိန်းကို ကူညီတဲ့အနေနဲ့ ယူကရိန်း လယ်ယာထွက်ကုန်တွေကို ဥရောပတဝန်း အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ဖို့ ဥရောပသမဂ္ဂက ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

ပိုလန်အလံတွေ လွှင့်ထူထားတဲ့ လယ်ထွန်စက်တွေ၊ လယ်ယာသုံးယာဉ်တွေဟာ အဓိက ကားလမ်းမကြီးတွေနဲ့ လမ်းဆုံတွေ နေရာ ၂၀၀ လောက်နီးပါး ပိတ်ဆို့ထားကြပါတယ်။ အဓိကအားဖြင့် ယူကရိန်းနယ်စပ်ဂိတ်ပေါက်တွေကို ပိတ်ထားကြတာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကတော့ ဆန္ဒပြသူတွေဟာ ယူကရိန်းနဲ့ သွေးစည်းညီညွတ်မှု နေ့စဉ်ယိုယွင်းလာတာကို ဖော်ပြနေတယ်လို့ ပြောပါတယ်။

ဆန္ဒပြမှုတွေဟာ ကောက်ပဲသီးနှံကို ဦးတည်တာမဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက် ရှိတယ်လို့လည်း ကောက်ချက်ချပါတယ်။

တကယ်တမ်း ယူကရိန်း ကောက်ပဲသီးနှံတင်ပို့မှုရဲ့ ၅ ရာခိုင်နှုန်းသာ ပိုလန်နယ်စပ်ကို ဖြတ်သန်းတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယူကရိန်းစီးပွားရေးဝန်ကြီး ယူလီယာ ဆီဗရီဒန်ကိုကလည်း ပိုလန်ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ကို ဥရောပကော်မရှင်ကို တင်ပြတိုင်ကြားသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ယူကရိန်း ကုန်ကားမောင်းသူတွေကလည်း သူတို့နယ်စပ်ဘက်ခြမ်းမှာရှိတဲ့ ဂိတ်ပေါက်သုံးခုမှာ ပိုလန်ကားသမားတွေကို ပြန်ပိတ်ဆို့ပြီး လက်တုံ့ပြန်မယ်လို့ ကြေညာထားပါတယ်။

ဆန္ဒပြမှုတွေ ဖြစ်ပွားအပြီးမှာ နယ်စပ်ဖြတ်ကျော်ဖို့ ကုန်ကားတွေဟာ နှစ်ပတ်ကျော်လောက်အထိ စောင့်ရတယ်လို့ ဆိုပါတယ်။

Source/Photo-Jakub Orzechowski/Agencja Wyborcza.pl via Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013