DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယလယ်သမားများ ဒေလီမြို့ဆီ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြမည်
DVB
·
February 21, 2024
အိန္ဒိယလယ်သမားများ ဒေလီမြို့ဆီ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြမည်
Donate to DVB

အိန္ဒိယ လယ်သမားများသမဂ္ဂဟာ  အိန္ဒိယအစိုးရအဆိုပြုထားတဲ့ အနိမ့်ဆုံး ပံ့ပိုးစျေးနှုန်း (MSP) အတွက် ၅ နှစ်စာချုပ် ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁၁ နာရီမှာ ဒေလီကို ငြိမ်းချမ်းစွာ ချီတက်မယ်လို့ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဂျာဂျစ်ဆင်းန် က ပြောပါတယ်။ 

လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေအကြား ရက်သတ္တပတ်ကြာ ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်မှာ အိန္ဒိယအစိုးရဟာ ဆန္ဒပြလယ်သမားတွေနဲ့ အကျပ်အတည်းကို ကျော်ဖြတ်နိုင်ဖို့အတွက် ပဲမျိုးစုံ၊ ပြောင်းနဲ့ ဝါအတွက် အာမခံပေးတဲ့ ဈေးနှုန်းတွေကို ကမ်းလှမ်းထားကြောင်း ကုန်သွယ်ရေးဝန်ကြီး ဖီယုရှ် ဂိုယာလ်က ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ကောက်ပဲသီးနှံ အမျိုးအစား နှစ်ဒါဇင်နီးပါးအတွက် ဥပဒေအရ ကျောထောက် နောက်ခံပေးထားတဲ့ စျေးနှုန်းမြင့်မြင့်ပေးဖို့ တောင်းဆိုနေကြတဲ့ ဆန္ဒပြလယ်သမားတွေကို နယူးဒေလီမှ ကီလိုမီတာ ၂၀၀ အကွာအဝေးမှာ ရပ်တန့်ခိုင်းထားပြီးနောက် လယ်သမားသမဂ္ဂတွေနဲ့ ဆွေးနွေးပွဲတွေအပြီးမှာ ဂိုယာလ်က မှတ်ချက်စကား ပြောသွားတာပါ။

လယ်သမားအရေး လေ့လာသူတွေကတော့ အစိုးရဟာ လယ်သမားတွေရဲ့ တောင်းဆိုချက်တွေကို လုံးဝရှောင်တိမ်းနေတယ်လို့ ဝေဖန်ကြပါတယ်။

အိန္ဒိယလယ်သမားများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဂျာဂျစ်ဆင်းန် ဒါးလလ်ဝေါလ်ကတော့ အချက်အလက်တွေ အားလုံးကို ထည့်သွင်းဆွေးနွေးပြီးတဲ့အခါမှာ အစိုးရရဲ့ အဆိုပြုချက်ဟာ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘူးလို့ သမဂ္ဂ နှစ်ရပ်စလုံးက ဆုံးဖြတ်ခဲ့ပြီးဖြစ်လို့ ဒီအဆိုပြုချက်ကို ပယ်ချခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။ 

Source/Photo-REUTERS/Francis Mascarenhas

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013