DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများကို စစ်မှုထမ်းခေါ်ရန် အစီအစဉ်မရှိသေးဟု စစ်ကောင်စီပြော
DVB
·
February 21, 2024
အမျိုးသမီးများကို စစ်မှုထမ်းခေါ်ရန် အစီအစဉ်မရှိသေးဟု စစ်ကောင်စီပြော
Donate to DVB

စစ်မှုထမ်းဖို့အတွက် အမျိုးသမီးတွေကို လတ်တလောခေါ်ယူဖို့  အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၂၁ ရက်ထုတ် သတင်းစာတွေမှာ ပြောပါတယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အကျုံးဝင်နိုင်တဲ့အင်အား  ၁၃ သန်း ရှိပြီး  အဲဒီထဲမှာ အမျိုးသား ၆ သန်းကျော်နဲ့ အမျိုးသမီး ၇ သန်းလောက်ရှိနေပါတယ်၊ အမျိုးသား ၆ သန်းထဲကမှ တစ်ရာခိုင်နှုန်း ဖြစ်တဲ့ ၆၀,၀၀၀ နီးပါးလောက်ကိုပဲ ခေါ်ယူနိုင်မှာဖြစ်ပြီး ဒါကိုလည်း အလှည့်ကျဆောင်ရွက်မှာဖြစ်တယ်”လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာတည်တယ်လို့ ကြေညာထားတဲ့   အသက်ပြည့်တဲ့ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေမှာ   အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်မပြည့်ခင်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေအသက် ၂၇ နှစ် အထိ သတ်မှတ်ထားပါတယ်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ ဒါမှမဟုတ် တခြား အတတ်ပညာတရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေဖြစ်ရင်  စစ်မှုထမ်းရမယ့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ရင်  အသက် ၁၈ ကနေ  ၄၅ နှစ်၊ အမျိုးသမီးဖြစ်ရင်  အသက် ၁၈ နှစ်မှ ၃၅ နှစ်လို့  သတ်မှတ်ထားပါတယ်။

ဒီဥပဒေ အသက်ဝင်ကြောင်းကြေညာပြီးနောက် အနယ်နယ်အရပ်ရပ်မှာ စစ်သားစုဆောင်းတာတွေ၊ လူငယ်လူရွယ်တွေ ဖမ်းခံရတာတွေလည်း ဆက်တိုက်ဖြစ်လာနေပါတယ်။

ဒါကြောင့်ပဲ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းခိုင်းစေရမှာကို  ရှောင်ရှားဖို့ အသက်အရွယ်အားဖြင့် လူငယ်လူရွယ် လူလတ်ပိုင်းတွေဟာ ပြည်ပကို ထွက်ခွာဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားလာတာကို တွေ့ရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013