DVB Logo
Home
အားကစား
ခရစ္စတယ်ပဲလေ့နောက်ခံလူ ဂူယီကို ခေါ်ယူရန် လီဗာပူးနှင့် မန်ယူအပြိုင်ကြိုးပမ်းမည်
DVB
·
February 21, 2024
ခရစ္စတယ်ပဲလေ့နောက်ခံလူ ဂူယီကို ခေါ်ယူရန် လီဗာပူးနှင့် မန်ယူအပြိုင်ကြိုးပမ်းမည်
Donate to DVB

လီဗာပူးနဲ့ မန်ယူအသင်းတွေဟာ ခရစ္စတယ်ပဲလေ့နောက်ခံလူ မက်ဂူယီကိုခေါ်ယူဖို့ အပြိုင် ကြိုး ပမ်းမယ်လို့ သိရပါတယ်။

တယ်လီဂရပ်ဖ် သတင်းစာရဲ့ဖော်ပြချက်အရ လီဗာပူးအသင်းဟာ မက်ဂူယိကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး မန်ယူအသင်းနဲ့အပြိုင်ခေါ်ယူဖို့ လုပ်ဆောင်နေကြောင်း ဖော်ပြပါတယ်။

အသက် ၂၃ နှစ်ရှိ အင်္ဂလန်နောက်ခံလူကို အခုနှစ် ဇန်နဝါရီ အပြောင်း အရွှေ့မှာ စပါးအသင်းက ခေါ်ယူဖို့ ဆက်သွယ်ကမ်းလှမ်းခဲ့ဖူးသလို အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတွေကလည်း  ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။

ဂူယီဟာ လတ်တလောမှာ ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်အနားယူရမှာဖြစ်ပြီး အသင်းရဲ့ ပွဲစဉ်တချို့ကို လွဲချော်မှာပါ။

၂၀၂၁ခုနှစ်က ချဲလ်ဆီးကနေ ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ် အထိစာချုပ်သက် တမ်းရှိနေသူဖြစ်ပါတယ်။

Photo-Action Images via Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013