DVB Logo
Home
အားကစား
မန်ယူကြယ်ပွင့် မိန်နူးအပါအဝင် ကွင်းလယ်ကစားသမား ၃ ဦးကို အင်္ဂလန်နည်းပြဆောက်ဂိတ် စောင့်ကြည့်
DVB
·
February 20, 2024
မန်ယူကြယ်ပွင့် မိန်နူးအပါအဝင် ကွင်းလယ်ကစားသမား ၃ ဦးကို အင်္ဂလန်နည်းပြဆောက်ဂိတ် စောင့်ကြည့်
Donate to DVB

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ လက်ရွေးစင်အသင်းမှာ ရွေးချယ်ဖို့ မန်ယူကွင်းလယ်ကြယ်ပွင့် မိန်နူး အပါအဝင် ကစားသမား ၃ ဦးကို စောင့်ကြည့် လေ့လာနေပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့်မတ်လအတွင်းမှာ ဘရာဇီး၊ ဘယ်လ်ဂျီယံအသင်းတွေနဲ့ ခြေစမ်းကစားဖို့ရှိပါတယ်။ 

ကွင်းလယ်ပိုင်းမှာ ကယ်ဗင်ဖိလစ်က ခြေစွမ်းကျဆင်းနေတာကြောင့် ကစားသမားသစ်တွေကို ခေါ်ယူဖို့ နည်းပြဆောက်ဂိတ်က ဆန္ဒရှိနေတာပါ။

နည်းပြ ဆောက်ဂိတ်ရဲ့ စောင့်ကြည့်စာရင်းမှာ မန်ယူက ကိုဘီမိန်နူး၊ အဲဗာတန်က ဂျိမ်းစ်ဂါနာနဲ့ ဖူဟမ်က  ဟာရစ်ဆန်ရိဒ်တို့ ပါဝင်နေတာ ဖြစ်ပါတယ်။

အင်္ဂလန်ယူ ၂၁ လက်ရွေးစင် မိန်နူးဟာ ရလဒ်ကောင်းတွေရရှိနေတဲ့ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေသလို ဂါနာနဲ့ ရိဒ်တို့ဟာလည်း သက်ဆိုင်ရာအသင်းတွေမှာ ခြေစွမ်းကောင်းတွေ ပြသနေတာပါ။

နည်းပြဆောက်ဂိတ်ဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဝက်စ်ပရောက်ကို ပြန်လည်ခေါ်ယူဖို့လည်း လျာထားပြီး ဟန်ဒါဆန်၊ ဒက်ကလန်ရိုက်စ်နဲ့ ဘယ်လင်ဂမ်တို့ကိုတော့ ဆက်လက်ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013