DVB Logo
Home
နိုင်ငံတကာ
နာဗယ်လ်ညီ အောက်မေ့ဖွယ်အခမ်းအနား တက်ရောက်သူ ၄၀၀ ကျော် အဖမ်းခံရ
DVB
·
February 19, 2024
နာဗယ်လ်ညီ အောက်မေ့ဖွယ်အခမ်းအနား တက်ရောက်သူ ၄၀၀ ကျော် အဖမ်းခံရ
Donate to DVB

ရုရှား မြို့ပေါင်း ၃၂ မြို့မှာကျင်းပတဲ့  အတိုက်အခံခေါင်းဆောင် နာဗယ်လ်ညီ အောက်မေ့ဖွယ် အခမ်းအနားတွေကို တက်ရောက်သူ ၄၀၀ ကျော်လောက် ထိန်းသိမ်းခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့ OVD-Info ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ယူကရိန်းကို ရုရှားကျူးကျော်စစ်ပွဲအတွက် အရန်တပ်သားတွေ စုဆောင်းတုန်းက ဆန္ဒပြကန့်ကွက်သူ ၁,၃၀၀ ကျော် အဖမ်းခံရပြီးနောက်ပိုင်း အများဆုံးဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။

အသက် ၄၇ နှစ်အရွယ် ရှေ့နေတဦးလည်းဖြစ်တဲ့ နာဗယ်လ်ညီဟာ “ဝင်ရိုးစွန်းဝံပုလွေ” လို့ ထင်ရှားတဲ့ အာတိတ်ဒေသ အကျဉ်းစခန်းမှာ ဖေဖော်ဝါရီ ၁၆ ရက်က လမ်းလျှောက်ထွက်ချိန် ရုတ်တရက် နှလုံးရပ်သေဆုံးမှု (SDS) ဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက သူ့မိခင်ထံ အကြောင်းကြားခဲ့ပါတယ်။

ဒါပေမဲ့ အလောင်းမှာ “ပွန်းပဲ့ဒဏ်ရာလက္ခဏာ” တွေ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

သူ့အလောင်းကို စုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း ပြန်မပေးဘူးလို့ အကျဉ်းစခန်း အာဏာပိုင်တွေက ပြောထားပါတယ်။ လတ်တလောမှာ အလောင်းကို အနားက ရေခဲတိုက်ကို ပို့ထားတယ်လို့လည်း သိရပါတယ်။

အဲဒီရေခဲတိုက်မှာ အလုပ်လုပ်တယ်ဆိုတဲ့ အမည်မဖော်သူ ဝန်ထမ်းတဦးရဲ့ အဆိုအရတော့ ပွန်းပဲ့ဒဏ်ရာတွေဟာ လေသင်တုန်းဖြတ်တဲ့သူတွေကို ဖိထားရင် ဖြစ်တဲ့လက္ခဏာတွေပဲလို့ ဆိုပါတယ်။

ဒါပေမဲ့ ပုံမှန်ဆိုရင် အကျဉ်းထောင်မှာသေတဲ့သူတွေရဲ့ အလောင်းကို သေမှုသေခင်း စစ်ဆေးရေးဌာနကို ပို့ပေမဲ့ နာဗယ်လ်ညီရဲ့ အလောင်းကိုတော့ ဆေးရုံကိုပဲ ပို့ခဲ့တယ်လို့ ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013