DVB Logo
Home
နိုင်ငံတကာ
ဂါဇာအပစ်ရပ်ရေး လုံခြုံရေးကောင်စီတွင် မဲခွဲပါက အမေရိကန်က ဗီတိုသုံး ပယ်ချမည်
DVB
·
February 19, 2024
ဂါဇာအပစ်ရပ်ရေး လုံခြုံရေးကောင်စီတွင် မဲခွဲပါက အမေရိကန်က ဗီတိုသုံး ပယ်ချမည်
Donate to DVB

အစ္စရေး-ဟားမတ်စ် စစ်ပွဲကို လူသားချင်းစာနာမှုအရ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ တောင်းဆိုမှုကို အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ မဲခွဲဆုံးဖြတ်နိုင်ခြေများပေမဲ့ အမေရိကန်ကတော့ ဗီတိုအာဏာသုံး ပယ်ချမယ်လို့ ကြိုကြေညာထားပါတယ်။

လုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်တဲ့အဖွဲ့ဝင်တွေထဲမှာ တဦးဖြစ်တဲ့ အယ်လ်ဂျီးရီးယားက ဆုံးဖြတ်ချက်မူကြမ်းကို လွန်ခဲ့တဲ့နှစ်ပတ်ကျော်ကတည်းက တင်ထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါ သောမတ်စ် ဂရင်းဖီးဒ်ကတော့ မူကြမ်းပါစာသားတွေဟာ လက်ရှိစစ်ပွဲရပ်ဖို့ ရည်ရွယ်ဆောင်ရွက်နေတဲ့ ထိလွယ်ရှလွယ် ညှိနှိုင်းဆွေးနွေးမှုတွေကို ပျက်ပြားစေမယ်လို့ တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့ အယ်လ်ဂျီးရီးယားကတော့ လာမယ့်အင်္ဂါနေ့ ကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့  ဖေဖော်ဝါရီ ၁၇ ရက်က တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။

အတည်ပြုနိုင်ဖို့ရာ အနည်းဆုံး ထောက်ခံမဲ ၉ မဲ လိုအပ်သလို ကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ် ဒါမှမဟုတ် ရုရှား ဘယ်နိုင်ငံကမှ ဗီတိုသုံး မကန့်ကွက်ဖို့ လိုပါတယ်။

အမေရိကန်သံအမတ်ကြီးက“အမေရိကန်က ဒီဆုံးဖြတ်ချက်မူကြမ်းထဲက အရေးယူမှုတွေကို သဘောမတူပါဘူး။ ဒီဟာက မူကြမ်းအနေနဲ့ မဲခွဲဖို့ တက်လာရင်လည်း အတည်ပြုနိုင်မှာ မဟုတ်ပါဘူး” လို့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးအပေါ် ကုလသမဂ္ဂ အရေးယူဆောင်ရွက်မှုတွေကနေ အမေရိကန်က အမြဲကာကွယ်ပေးလေ့ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် စစ်ပွဲစကတည်းကနေ ဒီနေ့အထိ ဂါဇာကိစ္စနဲ့ပတ်သက်လို့ ဗီတိုအာဏာသုံးပြီး ပယ်ချပေးတာ နှစ်ကြိမ်ရှိပါပြီ။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013