Home
နိုင်ငံတကာ
ထရမ့်က ကိုယ်ပိုင် Sneaker ဖိနပ်တံဆိပ် မိတ်ဆက်
DVB
·
February 18, 2024
Trump launches sneaker line a day after $355.9 million penalty

ဘဏ်တွေကို ပိုင်ဆိုင်မှုလိမ်ပြမှုနဲ့ ဒေါ်လာ သန်း ၃၅၀ ကျော် ဒဏ်ကြေးဆောင်လိုက်ရပြီး နောက်တရက်အကြာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဒေါ်နယ်ထရမ့်က သူ့ကိုယ်ပိုင် Sneaker ဖိနပ် အမှတ်တံဆိပ်သစ်ကို မိတ်ဆက်သွားပါတယ်။

ဖီလ်ဒဲဖီးယားမှာ လုပ်တဲ့ Sneaker Con မှာ ပထမဆုံးတရားဝင် ထရမ့်ဖိနပ်အဖြစ်  ၃၉၉ ဒေါ်လာတန် “Never Surrender High-Tops” ဖိနပ်ကို မိတ်ဆက်ခဲ့တာပါ။

“ကျုပ်ဒီဟာ လုပ်ချင်နေတာ ကြာပြီ” လို့ သမ္မတဟောင်းက ပြောပြီး  ရွှေရောင်တောက်တောက်နဲ့ နောက်ကျောဘက်မှာ အမေရိကန်အလံပါတဲ့ ထိပ်မြင့်ဖိနပ်ကို မိတ်ဆက်သွားခဲ့ပါတယ်။ သူ့မိတ်ဆက်ပွဲမှာ လှောင်ပြောင်သံတွေ၊ ချီးကျူးသံတွေ ရောထွေးနေခဲ့တယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။ 

ဆေးခြောက်နံ့တွေ မွှန်နေတဲ့အခန်းထဲမှာ တက်ရောက်လာသူအများစုက လူငယ်တွေဖြစ်ကြပြီး ထရမ့်ရဲ့ မဲဆွယ်ပွဲတွေမှာ တွေ့နေကျ ပရိသတ်မျိုးတော့ မဟုတ်ခဲ့ဘူးလို့ အေပီသတင်းက ဖော်ပြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024