DVB Logo
Home
မြန်မာသတင်း
ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး နည်းဥပဒေ ထွက်လာတော့မည်
DVB
·
September 1, 2014
ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး နည်းဥပဒေ ထွက်လာတော့မည်
Donate to DVB

မြန်မာနိုင်ငံမှာ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးအတွက် နည်းဥပဒေတရပ်ကို ရေးဆွဲနေပြီး ပထမအဆင့် မူကြမ်းပြီးစီးပြီ ဖြစ်လို့ လာမယ့် အောက်တိုဘာ ထွက်ပေါ်လာမယ်လို့ မျှော်မှန်းထားကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဝင်းသိန်းက ပြောပါတယ်။

moneyမြန်မာနိုင်ငံမှာ ငွေမည်း  ခ၀ါချမှု တိုက်ဖျက်ရေးလုပ်ငန်းကို အကောင်အ ထည် ဖော်နိုင်ဖို့အတွက် ဗဟိုအဖွဲ့ကို ပြည်ထဲရေးဝ န်ကြီးက ဥက္ကဋ္ဌအနေနဲ့ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၅ ဦးနဲ့ ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ လုပ်ပိုင်ခွင့်တွေကိုပါ တာဝန်ပေးထားပြီး ဖြစ်ပေမယ့် နည်းဥပဒေ မထွက်ရှိသေးတဲ့အတွက် ကိုင်တွယ်နိုင်မှု မရှိသေးပါဘူး။

ဒါကြောင့် နည်းဥပဒေက လာမယ့် အောက်တိုဘာလမှာ ပြဋ္ဌာန်းနိုင်မယ်လို့ မျှော်မှန်း ထားကြောင်း၊ နည်းဥပဒေမှာ သူ့အခန်းကဏ္ဍအလိုက် ကျယ်ကျယ်ပြန့်ပြန့် ရေးသားထားတယ်လို့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ရဲ့ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဝင်းသိန်းက ဒီဗွီဘီကို ပြောပါတယ်။

လတ်တလော လူအများစိတ်ဝင်စားနေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သတ်လို့ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ယင်းစီမံကိန်းမှာ ငွေမည်းတွေ ပါဝင်ပတ်သတ်မှု ရှိနိုင်တယ်လို့ အများက ပြောဆိုမှုတွေရှိနေတဲ့အပေါ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးဖွဲ့တခုတည်းသာမကဘဲ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအပါအ၀င် ၀ိုင်းဝန်းလုပ်ဆောင်သွားကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေးခ၀ါချမှုပမာဏ ဘယ်လောက် အတိုင်းအတာထိ ရှိနေတယ် ဆိုတာတော့ မသိရသေးပါဘူး။

ဒါပေမယ့် မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့လုပ်ငန်းက ရတဲ့ ငွေတွေနဲ့ ပြည်တွင်းမှာ ရင်းနှီးမြုပ်နှံ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတာတွေ ရှိနေတယ်ဆိုတဲ့သတင်းတွေကတော့ မကြာခဏထွက်ပေါ်နေတာပါ။

နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်က တော့ နိုင်ငံထဲကို တရားမ၀င် စီးဝင်လာတဲ့ငွေမည်းတွေဟာ ရင်းနှီးမြုပ်နှံမှု အသွင်တခုအနေနဲ့ ပြောင်းလဲပြီး ၀င်ရောက်လာပါက စိုးရိမ်စရာရှိတယ်လို့ သုံးသပ်ပါတယ်။

ပြည်တွင်းငွေကြေးဈေးကွက်ထဲဆီ ငွေမည်းစီးဝင်တဲ့နေရာမှာ ပမာဏက များရင်များ သလောက် အကျိုးသက်ရောက်မှုကလည်း ကျယ်ပြန့်တဲ့အတွက် ငွေမည်းမရှိတာက အကောင်းဆုံးပါလို့ ဒေါက်တာအောင်ထွန်းသက်က ဆိုပါတယ်။

ပြည်ပအခြေစိုက် တရုတ်သတင်းစာ တရုတ် လုံခြုံရေးဆိုင်ရာ ဂျာနယ် (China Securities Journal) ရဲ့ ဖော်ပြချက်အရ တရုတ်ယွမ် ၂၀၀ ဘီလီယံ ပမာဏရှိတဲ့ အမေရိကန်ဒေါ်လာ ၃၂.၅ ဘီလီယံလောက်ဟာ တရားမ၀င်နည်းလမ်းနဲ့ မြန်မာနိုင်ငံအတွင်း စီးဝင်းမှု ရှိတယ်လို့ ဆိုပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013