Home
အားကစား
အဆုံးသတ် အားနည်းမှုအပေါ် ဟာလန်းကို အကြံပေးစရာမလိုအပ်ဟု ဂွါဒီယိုလာ ပြော
DVB
·
February 18, 2024
Haaland_18022024

ချဲလ်ဆီးနဲ့ပွဲစဉ်မှာ အဆုံးသတ်အားနည်းမှုအပေါ် ဟာလန်းကို အကြံပေးစရာမလိုအပ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးအသင်းဟာ မနေ့ညက ချဲလ်ဆီးနဲ့ပွဲစဉ်မှာ တဂိုးစီ သရေသာကစားနိုင်ခဲ့ပြီး တိုက်စစ်မှူး ဟာလန်းက အပိုင်အခွင့်အရေး သုံးကြိမ်လောက်ကို ဖြုန်းတီးခဲ့တာပါ။

ဟာလန်းရဲ့ အဆုံးသတ်ပိုင်းနဲ့ပတ်သက်ပြီး အကြံပေးစရာမလိုအပ်ကြောင်းနဲ့ နောက်တပွဲမှာ ဂိုးသွင်း နိုင်မှာဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။

သူ့ရဲ့ ကစားသမားဘ၀ ၁၁ နှစ် ကြာကာလမှာ  ၁၁ ဂိုးပဲ သွင်းယူနိုင်ခဲ့တာဖြစ်လို့ ဟာလန်းလို ကစားသမားအပေါ် အကြံပေးစရာတွေ အများကြီးမရှိနိုင်ကြောင်းလည်း နည်းပြဂွါဒီယိုလာက မီဒီယာတွေရဲ့မေးခွန်းအပေါ်  ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

မန်စီးတီးဟာ ချဲလ်ဆီးနဲ့ သရေရလဒ်ကြောင့် လက်ကျန်တပွဲ ကျန်နေသေးပေမဲ့ အဆင့် တစ်နေရာက လီဗာပူးနဲ့ ၄ မှတ် ကွာဟသွားသလို အဆင့် ၂ နေရာက အာဆင်နယ်နဲ့လည်း ၂ မှတ် ကွာဟသွားခဲ့ပါတယ်။

Photo-Reuters/Jason Cairnduff

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024