Home
နိုင်ငံတကာ
ပဲ့ထိန်းဒုံးကျည် အပါအဝင် လက်နက်အသစ်များ အီရန် ထုတ်ဖော်ပြသ
DVB
·
February 18, 2024
Iran's Defense Minister Brigadier General Mohammad-Reza Ashtiani walks near an Iranian missile during an unveiling ceremony in Tehran

အီရန်ဟာ ပြည်တွင်းထုတ် အာမန် ပဲ့ထိန်းဒုံးကျည်စနစ်နဲ့ အဇာရာ့ခ်ရှ် အနိမ့်ပျံ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေ အပါအဝင် လက်နက်အသစ်တွေကို ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ဖော်ပြသခဲ့တယ်လို့ တရားဝင် IRNA သတင်းဌာနက ထုတ်လွှင့်ပါတယ်။

အာမန် ဒုံးကျည်စနစ်ဟာ ကီလိုမီတာ ၁၂၀ မှ ၁၈၀ အကွာအဝေးမှာ ပစ်မှတ် ၆ ခုကို တပြိုင်နက် ရင်ဆိုင်နိုင်ပြီး အဇာရာ့ခ်ရှ် ဒုံးကျည်စနစ်ကတော့ ပစ်ခတ်ရန်-အသင့်ရှိ ဒုံးကျည် ၄ စင်းနဲ့ ကီလိုမီတာ ၅၀ အကွာအဝေးအထိ ပစ်မှတ်တွေကို ဖော်ထုတ် ဖျက်ဆီးပစ်နိုင်တယ် လို့ IRNA မှ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေး တောင်ပိုင်းကို ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးရဲ့စစ်ရေးအရ ချေမှုန်းခံနေရတဲ့ ဂါဇာကမ်းမြောင်နဲ့ စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသတဲ့အနေနဲ့ ယီမင်ရှိ အီရန် ကျောထောက်နောက်ခံပြု ဟူသီစစ်သွေးကြွတွေက ပင်လယ်နီရှိ အမေရိကန်၊ ယူကေနဲ့ အစ္စရေးတို့နဲ့ အချိတ်အဆက်ရှိတဲ့ ပင်လယ်နီရှိ ရေယာဉ်တွေကို တိုက်ခိုက်ခဲ့လို့ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဟူသီ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ အီရတ်နဲ့ ဆီးရီးယားရှိ အီရန်ကျောထောက်နောက်ခံပြုအဖွဲ့တွေရဲ့ အဆောက်အအုံတွေနဲ့ ယီမင်နိုင်ငံအတွင်းရှိ ပစ်မှတ်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

အပြန်အလှန်အနေနဲ့ ဆီးရီးယားနဲ့ အီရတ်တို့ရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေကိုလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။ အစ္စရေးကလည်း ဆီးရီးယားရှိ အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024