DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှား လွှတ်တော်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ ဦးဆောင်နေ
DVB
·
February 16, 2024
အင်ဒိုနီးရှား လွှတ်တော်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ ဦးဆောင်နေ
Donate to DVB

အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို အနိုင်ရသွားပေမဲ့ လွှတ်တော်ရွေးကောက်ပွဲမှာတော့ လက်ရှိအာဏာရပါတီ Indonesian Democratic Party of Struggle (PDI-P) က ဦးဆောင်နေတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

မဲ ၈၅ ရာခိုင်နှုန်းလောက် ရေတွက်ပြီးချိန်မှာ PDI-P ပါတီက မဲ ၁၇ ရာခိုင်နှုန်းလောက်ရပြီး ဦးဆောင်နေတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

ပရာဘိုဝိုရဲ့ ဂါရိန္ဒြာပါတီက တတိယနေရာမှာပဲ ရှိနေပြီး မဲ ၁၃ ရာခိုင်နှုန်းလောက် ရထားသလို သူနဲ့ ညွန့်ပေါင်းဖွဲ့လို့ရလောက်တဲ့ ဂိုလ်ကာပါတီက ၁၅ ရာခိုင်နှုန်း ရထားပါတယ်။

အကယ်၍ ပရာဘိုဝိုက သမ္မတဖြစ်ခဲ့ပေမဲ့ သူ့ပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအုပ်စု လွှတ်တော်ကို မလွှမ်းမိုးနိုင်ခဲ့ရင် အစိုးရသစ်ဟာ လုပ်ရကိုင်ရ ခက်လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

လက်ရှိစစ်တမ်းတွေအရဆိုရင် PDI-P နဲ့ ပုံမှန်မဟာမိတ်တွေဖြစ်တဲ့ နက်စ်ဒ်မ်ပါတီ၊ PKB ပါတီ၊ PKS ပါတီတို့ ပေါင်းလိုက်ရင် လက်ရှိမဲ အကုန်မရေရသေးတာတောင် မဲ ၄၆ ရာခိုင်နှုန်း ရထားပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံရေးဟာ ဝါဒရေးရာကို အခြေမခံဘဲ အကျိုးခံစားခွင့်ကိုသာ အခြေခံတာကြောင့် ပရာဘိုဝို အုပ်စုက PDI-P ကို အစိုးရအဖွဲ့ထဲပါဖို့ ကမ်းလှမ်းတာမျိုးနဲ့ ညှိနှိုင်းတာလည်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အခုရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်အမတ်သစ်တွေဟာ အောက်တိုဘာ ၁ ရက်နေ့မှာ ကျမ်းကျိန်ရမှာဖြစ်ပြီး သမ္မတနဲ့ ဒုတိယသမ္မတကတော့ အောက်တိုဘာ ၂၀ ရက်နေ့မှာမှ ကျမ်းကျိန်ရမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ဥပဒေပြုရေးမှာ အဓိကကျတဲ့ အောက်လွှတ်တော် အမတ်နေရာ ၅၈၀ အတွက် ယှဉ်ပြိုင်သူ ၉,၉၀၀ ကျော်ရှိခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013