DVB Logo
Home
မြန်မာသတင်း
ဝယ်သူနည်းပါးတာကြောင့် ကရင်နီဒေသက ရိုးရာပလိုင်းရက်လုပ်ကိုင်သူများ အခက်အခဲကြုံ
DVB
·
February 16, 2024
ဝယ်သူနည်းပါးတာကြောင့် ကရင်နီဒေသက ရိုးရာပလိုင်းရက်လုပ်ကိုင်သူများ အခက်အခဲကြုံ
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ  စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုးရာပလိုင်းရက်လုပ်ကိုင်သူတွေ ဝယ်ယူသူ နည်းပါးလာတာကြောင့်  စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီးမော့ဆိုမြို့နယ်တွင်းက ဒေသခံပြည်သူတွေဟာ မိသားစုအသက်မွေးဝမ်းကြောင်းအနေနဲ့ ရိုးရာ ပလိုင်းရက်လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ၊ နယ်မြေမတည်ငြိမ်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ ဝယ်ယူသူနည်းပါးလာတာကြောင့်  ရိုးရာပလိုင်းရက်လုပ်ကိုင်သူတွေ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့  ရိုးရာပလိုင်းရက်လုပ်သူ  အမျိုးသမီးက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ဒီမော့ဆိုမြို့နယ်အတွင်း  ၅ ရက်တခါ၊ ၁၀ ရက်တခါစျေးနေ့မှာ ရိုးရာပလိုင်းအသေး တလုံးကို ကျပ် ၃၀၀၀၊ အကြီး တလုံးကို ကျပ် ၈၀၀၀ ကျပ် နဲ့ ရောင်းချခဲ့ရပါတယ်။

အခု ဝယ်ယူသူမရှိအောင် ရှားပါးလာပါတယ်။ ဒါအပြင် ဒေသတွင်းဝါးရှားပါးလာပြီး ဈေးနှုန်းမြင့်တက်တာ၊ ပုံမှန်ဝင်ငွေမရရှိတာတွေကြောင့် မိသားစုစားဝတ်နေရေးအတွက် ရိုးရာပလိုင်းရက်လုပ်ငန်းကနေ တခြားလုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်တာတွေရှိလာတယ်လို့ ရိုးရာပလိုင်းရက်လုပ်တဲ့ အမျိုးသားတဦးက ပြောပါတယ်။

၀ါးပလိုင်းရက်လုပ်ရာမှာ ၀ါးတလုံးကို ပလိုင်း ၂ လုံးသာရရှိပြီး ကျွမ်းကျင်မှုပေါ်မူတည်ပြီး ၁ ရက်ကို ၂ လုံးမှ ၃ လုံးအထိ ရက်လုပ်နိုင်ကြပါတယ်။

ဒါအပြင် ဒေသခံလူငယ်တွေအနေနဲ့​ ပြည်ပနိုင်ငံတွေကိုသွားရောက်အလုပ်လုပ်ကိုင်သူ များပြား လာတာကြောင့် ပလိုင်းရက်လုပ်တတ်သူတွေ လျော့နည်းလာပါတယ်။

နိုင်ငံရေးအခြေအနေတွေ ကောင်းမွန်လာရင် ရိုးရာပလိုင်းရက်လုပ်ငန်းတွေ ပြန်လည်ကောင်းမွန်လာနိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း ပလိုင်းရက်လုပ်တဲ့ အမျိုးသမီး တဦးက ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFနဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့မြေပြင်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို ၊ဘော်လခဲ စတဲ့ မြို့နယ်အတွင်းက ဒေသခံ ၂ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

photo-စားသုံးသူရေးရာဦးစီးဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013