DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် ဆန်တပြည် ၃၃၀၀ ကျပ်ဖြင့် ရောင်းချပေးနေ
DVB
·
February 16, 2024
ရန်ကုန်မြို့တွင် ဆန်တပြည် ၃၃၀၀ ကျပ်ဖြင့် ရောင်းချပေးနေ
Donate to DVB

ဧည့်မထဆန် တပြည်ကို ကျပ် ၃၃၀၀ နဲ့ ရန်ကုန်ရှိ မြို့နယ် ၁၈ မြို့နယ်က ဆန်စပါးကုန်သည်အသင်းဝင် ဆန်ဆိုင်တွေမှာ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့ ရောင်းချပေးနေ​ကြောင်း ဒေသခံတွေထံက ​သိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၈ ခုက ဆန်လက်လီအရောင်းဆိုင် ၅၈ ဆိုင်မှာ ဆန်တပြည် ၃၃၀၀ ကျပ်နဲ့ လူတဦးကို ဆန် ၂ ပြည်နှုန်း ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ နီစပ်သူတဦးက "ပြီးခဲ့တဲ့လတွေတုန်းကလည်း ဧည့်မထဆန် တပြည်ကို ၂၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးခဲ့တာပါ။ ဒီတခါကတော့ လူ ၁ ဦးကို ဆန် ၂ ပြည်နှုန်းရောင်းပေးမှာပါ။ အခု ရောင်းချပေးမယ့် ဆန်ကတော့ ၁၅ မှတ် ဧည့်မထဆန် အမျိုးအစားပါ။ ဆန်လာဝယ်မယ့်သူတွေက မှတ်ပုံတင်လေးတွေတော့ ကိုင်ဆောင်လာရမှာပါ" လို့ ပြောပါတယ်။

အခုလိုရောင်းချပေးမယ့် မြို့နယ်တွေမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ သာကေတ၊ ဒေါပုံ၊ ဒလ၊ ကြည့်မြင်တိုင်၊ အလုံ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံနဲ့ အင်းစိန်မြို့နယ်တို့ဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြေညာခဲ့ပြီးနောက်ပိုင်း အခုလို မှတ်ပုံတင်စစ် ဆန်ရောင်းချမှုအပေါ် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ အင်းစိန်မြို့နယ်က ဒေသခံတဦးက​ ဒီဗွီဘီကို ပြောပါတယ်။

"စိုးရိမ်တာပေါ့။ စစ်မှုထမ်းဥပဒေကလည်းထုတ်ထားတယ်။ အခုမှတ်ပုံတင်ပြရတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကို အော်တိုကောက်ပြီးသားဖြစ်ပြီပေါ့။ လူငယ်နဲ့ လူလတ်ပိုင်းတွေတော့ သွားမဝယ်ရဲကြဘူး။ အသက်ကြီးကြီး အမျိုးသမီးပိုင်းတွေပဲ သွားဝယ်နေကြတာတွေ့တယ်။"

ပြီးခဲ့တဲ့နှစ် ဩဂုတ် ၂၅ ရက်နေ့ကလည်း ရန်ကုန်တိုင်းအတွင်းရှိမြို့နယ် ၁၇ မြို့နယ်က ဆန်လက်လီအရောင်းဆိုင် ၄၂ ဆိုင်မှာ ဧည့်မထဆန်တပြည်ကို ၂၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးခဲ့ပြီး စက်တင်ဘာလအတွင်း ဝါးတန်းကုန်စည်ဒိုင်မှာ မှတ်ပုံတင်ပြသနိုင်ပါက လူတဦးကို ဆန်ချောတအိတ်နဲ့ ဆန်ကြမ်းတအိတ် သက်သာသောဈေးနှုန်းနဲ့ ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013