DVB Logo
Home
အားကစား
အသက် ၇၆ နှစ်ရှိ ခရစ္စတယ်ပဲလေ့နည်းပြ ရွိုင်းဟော့ဆန် အရေးပေါ်ဆေးကုသမှုခံယူ
DVB
·
February 16, 2024
အသက် ၇၆ နှစ်ရှိ ခရစ္စတယ်ပဲလေ့နည်းပြ ရွိုင်းဟော့ဆန် အရေးပေါ်ဆေးကုသမှုခံယူ
Donate to DVB

အသက် ၇၆ နှစ်ရှိ ခရစ္စတယ်ပဲလေ့နည်းပြရွိုင်ဟော့ဆန်ဟာ အရေးပေါ်ဆေးကုသမှုခံနေရ ပါတယ်။

ဝါရင့်နည်းပြကြီးဟာ အသင်းနဲ့ လေ့ကျင့်ရေးကွင်းမှာရှိနေစဉ် ဖျားနာတဲ့ ဝေဒနာခံစားရတာကြောင့် ဆေးရုံတင်ပို့ကုသခဲ့ရတာပါ။

လက်ရှိအချိန်မှာ ပြန်လည်သက်သာလာနေပေမဲ့ လိုအပ်တဲ့ကျန်း မာရေးစစ်ဆေးမှုတွေ လုပ်ဆောင်သွားရမှာဖြစ်ပြီး အခုတပတ်မှာကစားမယ့် အဲဗာတန်နဲ့ပွဲစဉ်ကို လွဲချော်မှာဖြစ်ကြောင်း၊ အမြန်ဆုံးပြန်လည်သက်သာလာဖို့ အသင်းသားတွေအားလုံးက ဆန္ဒပြုကြောင်း အသင်းဘက်က ထုတ်ပြန်ပါတယ်။

ခရစ္စတယ်ပဲလေ့အသင်းဟာ  ရလဒ်ဆိုးရွား နေတာကြောင့် အဆင့် ၁၅ ရောက်ရှိနေပြီး နည်းပြကြီး ဟော့ဆန်ဟာလည်း ထုတ်ပယ်ခံရဖို့ နီးစပ်နေ တာပါ။

ပဲလေ့အသင်းဟာ ဂျာမန်ကလပ် ဖရန့်ဖတ်နည်းပြဟောင်း သြစတြီးယားလူမျိုးနည်းပြ အိုလီဗာ ဂလက်စ်နာကို  နည်းပြဟော့ဆန်နေရာမှာ အစားထိုးခန့်အပ်ဖို့လည်း နီးစပ်နေပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013