DVB Logo
Home
မြန်မာသတင်း
ဖုပ်ဖရမြို့နယ်တွင် တရားမဝင်မြန်မာ ၂၇ ဦး ဖမ်းဆီးခံရ 
DVB
·
February 15, 2024
ဖုပ်ဖရမြို့နယ်တွင် တရားမဝင်မြန်မာ ၂၇ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းဆီးရမိတယ်လို့  banmuang ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်း နဲ့ နရေ့ဆွန်စစ်ကြောင်းပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်မနက်က နယ်စပ်လုံခြုံရေး လှည့်လည်စစ်ဆေးစဉ် ဖုပ်ဖရမြို့နယ် ဆီရိရာ့ ဆဒွန်း ကျေးရွာအုပ်စု မယ်လမော့ရွာအနီး ငှက်ပျောတောထဲ ပုန်းအောင်းနေတဲ့ လူတစုကို တွေ့ရှိတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက လူယောင်ထွက်ပြပြီး ဝင်ရောက်စစ်ဆေးရာမှာ အထောက်အထားတစုံ တရာမရှိဘဲ  ဘန်ကောက်မှာအလုပ်သွားလုပ်ဖို့  မြန်မာပြည်ကနေ  တောလမ်းကတဆင့် ခြေလျင် လျှောက်ပြီး ဝင်လာတာလို့ ပြောပါတယ်။ 

သူတို့ထဲမှာ အမျိုးသား  ၁၁ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၂၇ ဦးပါဝင်ပြီး လဝက ဥပဒေ နဲ့ဆက်လက်အရေးယူဖို့  ဖုပ်ဖရမြို့နယ်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်ဘဲ တိုက်ပွဲတွေ ဖြစ်ပွား နေပြီး အလုပ်အကိုင်၊ စားဝတ်နေရေး၊ လုံခြုံရေး အခက်အခဲတွေကြောင့် ပြည်သူတွေဟာ  ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြတာမှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု နေ့စဉ်လိုရှိနေပြီး အခုလို မကြာခဏအဖမ်းခံနေရတာ ဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013